Spots news

ဘစ်ဆာမာကို လီဗာပူးနဲ့ အာဆင်နယ်အတွက် ဘရိုက်တန်ဈေးသတ်မှတ်

Unicode Version

ဘရိုက်တန် အသင်းကတော့ ၎င်းတို့ရဲ့ ကွင်းလယ် ကစားသမား ဘစ်ဆာမာကို ဒီနွေမှာ အလိုရှိရင် ပေါင် သန်း ၄၀ လောက် ပေးမှ ရမယ်လို့ ဈေးသတ်မှတ် ပေးလိုက်ပါတယ်။ ဘစ်ဆာမာကို လီဗာပူးနဲ့ အာဆင်နယ်တို့က အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

အသက် ၂၄ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ ဘရိုက်တန်နဲ့ အတူ ခြေစွမ်းပြ ခဲ့တာကြောင့် ၎င်းကို လီဗာပူးမှ ကလော့ပ်နဲ့ အာဆင်နယ်မှ အာတီတာတို့ နှစ်ယောက်လုံး

အထူး မျက်စိကျလာတာ ဖြစ်ပါတယ်။ ဘစ်ဆိုမာကို ချယ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားမှု ပြသထားပါသေးတယ်။

မာလီ လက်ရွေးစင် ကစားသမားဟာ ၂၀၁၈ မှာ ဘရိုက်တန် ရောက်လာခဲ့တာ ဖြစ်ပြီး တစ်နှစ်ပြီး တစ်နှစ် ပိုမို တိုးတက်လာခဲ့ကာ ဒီရာသီမှာတော့ အသင်းကိုပါ တစ်ဆင့် မြင့်အောင်

စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်ကတော့ ဘစ်ဆိုမာကို ဆက်ထိန်းထားလိုသေးပြီး အများကြီး ပိုတိုးတက်လာဖို့ ဘရိုက်တန်မှာ ဆက်နေတာ အကောင်းဆုံးလို့ စည်းရုံးနေဆဲပါ။

ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေ အပြိုင် စိတ်ဝင်စားနေ ကြတာကြောင့် ၎င်းတို့ ကြယ်ပွင့် ကွင်းလယ် ကစားသမားကို ထိန်းရခက်မယ်မှန်း ဘရိုက်တန်က သဘောပေါက်တာကြောင့် ဈေးပေါပေါ မရနိုင်ဘူး အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်ကို စာချုပ်ကုန်ဆုံးတာကြောင့် ဒီနွေမှာ လက်လွှတ်ရတော့မှာ ဖြစ်ပြီး ကလော့ပ်က ဘစ်ဆိုမာကို နယ်သာလန်သား နေရာ အစားထိုးဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

အာတီတာကလည်း ပါတေးကို လွတ်လွတ်လပ်လပ် ဖန်တီးမှုတွေ ပြုလုပ်နိုင်အောင် ခံစစ် ကူနိုင်မယ့် ကွင်းလယ် အထိုင်သမား အလိုရှိနေပြီး အငှား ခေါ်ထားတဲ့ ဒန်နီ ဆီးဘယ်လော့ ကိုလည်း အပြီး မဝယ်နိုင်ဘဲ ပြန်လွှတ်ရမယ့် အနေအထား ရှိနေပါတယ်။

ဘရိုက်တန်ကတော့ ဘစ်ဆိုမာကို ဆက်ခေါ်ထားဖို့ အစွမ်းကုန် ကြိုးစားဦးမှာ ဖြစ်ပြီး တကယ်လို့ လက်လွှတ်ရမယ် ဆိုရင် ပေါင် သန်း ၄၀ လောက် ရမှသာ ဖြစ်မယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဆိုပါတယ်။