Spots news

မန်ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးဖြစ်ပေမယ့် အထောင်တိုက်စစ်ကစားရတာကိုမုန်းတဲ့ ရူနီ

Unicode Version

ဘောလုံးကစားရင် သူ့ရဲ့ စိတ်ဓါတ်အပြည့်နဲ့ ကွင်းထဲမှာ ယှဉ်ပြိုင်ကစားတဲ့ ပုံရိပ်တွေကြောင့် ဘောလုံး ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ မေ့မရတဲ့ တိုက်စစ်မှုးရူနီဟာ

ယူနိုက်တက် အသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်နဲ့ တိုက်စစ်မှုး ရက်ရ်ှဖို့ဒ်တို့ ပါဝင်တင်ဆက်တဲ့ “Between the Lines” ဆိုတဲ့ အစီအစဉ်မှာ ဖွင့်ဟပြောဆိုချက် တစ်ခုကြောင့် အားလုံးအံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို အင်္ဂလန့် လက်ရွေးစင်တိုက်စစ်မှုး တစ်ယောက်လည်းဖြစ်တဲ

ရူနီက သူဟာ အသင်းအတွက် ကွင်းထဲမှာ အဓိက အထောင်တိုက်စစ်မှုး နေရာမှာ ကစားရတာကို နှစ်သက်ခြင်းမရှိဘဲ မုန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ရူနီလို တိုက်စစ်မှုးမျိုးဆီက ဒီလိုစကားကြားရတာဟာ သိပ်ကို ထူးဆန်းနေပြီး အထူးသဖြင့် ယူနိုက်တက် အသင်းအတွက် ၂၅၃ဂိုး အထိသွင်းထားတဲ့ ထာဝရဂိုးသွင်းအများဆုံး သရဲနီတစ်ဦးဆီက ဖြစ်နေလို့ပါပဲ။

BT Sports ကကြီးမှုးပြုလုပ်တဲ့ စကားဝိုင်းမှာ ရူနီက ” ယူနိုက်တက်အတွက် ၂၀၀၈-၀၉ နဲ့ ၂၀၀၉-၁၀ ၂ရာသီမှာ ကျွန်တော်ဟာ အသင်းအတွက် ကျောနံပါတ် ၉ တွေ ဝတ်ဆင်ကစားရတဲ့ အဓိက အထောင်တိုက်စစ်မှုးတွေရဲ့ တာဝန်ကိုယူပြီး ကစားခဲ့ရတာပါ။

ကျွန်တော့်ခံစားချက်အရ အဲ့လိုမျိုးတာဝန်ယူရတာဟာ သိပ်ကို ကြီးလေးလွန်းတယ်လို့ ခံစားရပြီး မကြိုက်ပါဘူး။ ၂ရာသီစလုံးမှာ ကျွန်တော်က အဲ့ဒီနေရာမျိုးကနေပဲ ကစားခဲ့ရပါတယ်။

ရူနီရဲ့ ပြောဆိုချက်ကို ဖာဒီနန်ကလည်း ထောက်ခံခဲ့ပြီး အဲ့တုန်းက ရူနီဟာ နည်းပြဖာဂူဆန်ကို သူ့အနေနဲ့ အဓိက တိုက်စစ်မှုးထက်

ကျောနံပါတ် ၁၀ ပုံစံမျိုးပဲ ကစားချင်တယ်လို့ သွားပြောမယ်ဆိုပြီး ထွက်သွားခဲ့သေးတယ်လို့ ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

ရူနီဟာ အဲ့အချိန်တုန်းက အသင်းမှာ အထောင်တိုက်စစ်မှုး ဘာဘာတော့ဗ် ရှိနေပေမယ့် နည်းပြဖာဂူဆန်ရဲ့ တာဝန်ပေးချက်အရ

အဓိကတိုက်စစ်မှုး တာဝန်ကို ယူခဲ့ရတာဖြစ်ပြီး သိပ်မပျော်ရွှင်ခဲ့ပေမယ့် အကောင်းဆုံး လုပ်ဆောင် ပေးနိုင်ခဲ့တယ် ဆိုတာ မှတ်တမ်းတွေက သက်သေပြ နေပါတယ်။

ရူနီဟာ သူသိပ်မကြိုက်တဲ့ ၂ရာသီစလုံးပေါင်း ၉၃ပွဲမှာ ၅၄ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီ တုန်းက ပရီးမီးယားလိိိိဂ် သွင်းဂိုး ၂၆ဂိုး ရရှိခဲ့ပြီး PFA အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။