Spots news

ဟယ်ရီကိန်းကို လိုချင်ရင် မန်ယူမှ ကစားသမားနှစ်ဦး အလိုက်ပေးရဖွယ်ရှိ

Unicode Version

ဟယ်ရီကိန်းကို လိုချင်ရင် မန်ယူမှ ကစားသမားနှစ်ဦး အလိုက်ပေးရဖွယ်ရှိ

 

မန်ယူအသင်းဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ခေါ်ယူတော့မယ်လို့ နာမည်ကြီးနေတဲ့ တော့တင်ဟမ်ဟော့ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးအသင်းမှ ထွက်ခွါခွင့်တောင်းလိုက်ပြီ ဖြစ်ကြောင်း The Express သတင်းအရ သိရပါတယ်။

ဟယ်ရီကိန်းဟာ စပါးအသင်း ဥက္ကဌ လီဗိုင်းထံ အသင်းမှ ထွက်ခွါခွင့် တောင်းခဲ့တာဖြစ်ပြီး သူ့အတွက် သင့်လျှော်တဲ့ အသင်းရှိရင် ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အဆိုပါသတင်းမှာ ပါရှိပါတယ်။

စပါးအသင်း ဥက္ကဌလီဗိုင်းက ယခင်ထဲကဆက်ဆံရေး ကောင်းမွန်တဲ့ မန်ယူအသင်းရဲ့ကမ်းလှမ်းလာမှုကို စောင့်မျှော်နေကြောင်း သိရပြီးကိန်းအတွက် ရောင်းချမှုကို ငွေသားထက်ကစားသမား အလဲအထပ်မျိုးကို ပိုမိုအလိုရှိကြောင်း သိရပါတယ်။

စပါးအသင်း ဘက်က မန်ယူအသင်းထံမှကစားသမားနှစ်ဦး အလိုရှိနေပြီးယင်းကစားသမား နှစ်ဦးကတော့ မန်ယူအသင်းနဲ့စာချုပ်သက်တမ်း ပြည့်တော့မယ့် စပိန်ကွင်းလယ် ကစားသမား မာတာနဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးမာရှယ်တို့ ဖြစ်ကြောင်း ၎င်းသတင်းမှာ ဖေါ်ပြထားပါတယ်။

မာရှယ်ဟာ မန်ယူအသင်းကို ဟယ်ရီကိန်းသာပြောင်းရွှေ့လာပါက သေချာပေါက် နေရာပျောက်မယ့် ကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့တတ်ကြွမှုမရှိတဲ့ ကစားဟန်ကို ဝေဖန်တဲ့ မန်ယူပရိတ်သတ်တွေနဲ့လည်း အဆင်မပြေ ဖြစ်နေသူပါ။

အသက်၂၇နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကိန်းဟာ စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရရှိနိုင်တော့တဲ့ အတွက် အသင်းမှထွက်ခွါခွင့် တောင်းခဲ့ခြင်းဖြစ်ပြီး ကာရာ‌ဘောင်ဖလားနောက်ဆုံးဗိုလ်လုပွဲ မတိုင်မီ သူနဲ့ဆက်ဆံရေးအဆင်ပြေတဲ့ နည်းပြမော်ရင်ဟိုကို ထုတ်ပါယ်ခဲ့တဲ့ အချက်ကလည်း အသင်းကနေ ထွက်ခွါဖို့တွန်းအား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကိန်းဟာ စပါးအသင်းရဲ့ လက်ရှိအနေထားကိုစိတ်ပျက်နေပြီီး အသင်းလိုက် အောင်မြင်မှုရရှိနိုင်ဖို့ အလှမ်းဝေးလွန်းတယ်လို့ ယုံကြည်ကြောင်း ၎င်းအနေနဲ့ အသင်းလိုက် အောင်မြင်မှု ရရှိနိုင်မည့် အသင်းမျိုးကို ရွေးချယ်သွားမှာ ဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကလည်း ပြောကြားထားပါ သေးတယ်။

မန်ယူ အသင်းနည်းပြ ဆိုးရှားက ဟယ်ရီကိန်းကိုခေါ်ယူဖို့ နဂိုထဲက အစီီအစဉ်ရှိနေပြီး စပါးအသင်းနဲ့ ကိန်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ဆိုးရှားက ကိန်းဟာ ဥရောပရဲ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်ကြောင်း ထုတ်ဖေါ် ချီးကျူးထားခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ ကိန်းကို ဝယ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲယ်ဆီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေပြီး ချဲယ်ဆီးအသင်း ကလည်းယခုနှစ်မှာ အားနည်းခဲ့တဲ့ အသင်းရဲ့တိုက်စစ်ကို ထပ်မံပြုပြင်ဖို့ ကိန်းကိုခေါ်ယူဖို့လုပ်ဆောင် နေကြောင်း သိရပါတယ်။