Spots news

၂၀၃၅ လောက်ဆိုရင် ငါတို့အသင်းဖလားတွေ အားလုံးယူနိုင်လိမ့်မယ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီရဲ့သားဖြစ်တဲ့ ကိုင်းရွန်နီဟာ စတုတ်စီးတီးယူ-၁၁ အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ယူ-၁၁ အသင်းအတွက်ဟက်ထရစ်သွင်းယူခဲ့တဲ့အပြင် ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပြီး အဖေ့ခြေရာကို လိုက်နင်းနိုင်မယ့်သားတစ်ယောက်ဖြစ်လာမယ်ဆိုတာ သက်သေပြလိုက်ပါပြီ။

အသက်(၁၁)နှစ်သာရှိသေးတဲ့ ကိုင်းရွန်နီဟာ မနှစ်က၊ ဒီဇင်ဘာလမှာ ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး တစ်ချိန်ကျရင် သူ့အဖေလိုပဲ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးစာရင်းဝင်ဖြစ်လာမယ့်သူအဖြစ် သတ်မှတ်ခံထားရသူပါ။

ရွန်နီဟာ ယူနိုက်တက်ကစားသမားဘ၀ (၁၃)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားပေါင်း(၁၂)ခုအထိရရှိခဲ့ပြီး အသင်းအတွက် (၂၅၃)ဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်းသမိုင်တစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရွန်နီရဲ့ သား(၄)ဦးထဲမှာအကြီးဆုံးဖြစ်တဲ့ ကိုင်းရွန်နီဟာ သူ့ဖခင်လိုမျိုး ယူနိုက်တက်အသင်းအတွက် အောင်မြင်မှုတွေရယူပေးနိုင်မယ့်ကစားသမားအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။

ယူနိုက်တက်အကယ်ဒမီနဲ့စာချုပ်ချုပ်ခဲ့တုန်းက ရွန်နီဟာ သားဖြစ်သူအတွက် ဂုဏ်ယူတဲ့အနေနဲ့ “ဒီနေ့ဟာ ဂုဏ်ယူစရာအကောင်းဆုံးနေ့ဖြစ်ပြီး ယူနိုက်တက်နဲ့ ကိုင်းတို့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါပြီ။

ဆက်ပြီးကြိုးစားပါ၊ သားရေ’လို့ Instagram မှာ ရေးသားခဲ့သလို ကောလင်းကလည်း “သားရေ၊ မင်းအတွက်ဂုဏ်ယူမိသလို အရမ်းလည်းချစ်တယ်၊ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ”လို့ ရေးသားခဲ့ပါတယ်။

သတင်အရင်အမြစ်:90minute