Unicode Version
မန်စီးတီး အသင်းပိုင်ရှင် ဘောစိ ရှိတ်မန်ဆော်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ သွားရောက် ကြည့်ရှုမည့် အသင်း ပရိသတ် များ၏ ခရီးစရိတ်ကို ကျခံသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ ပါတယ်။
မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာ ဖြစ်ပြီးမေလ (၂၉ ) ရက်နေ့မှာ ချယ်လ်ဆီး အသင်းနှင့် ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့ရှိ Estadio do Dragao ကွင်းတွင် ကစားရမှာ ဖြစ်ပါတယ်။
ထို့ကြောင့် အဆိုပါပွဲစဉ်ကို သွားရောက် အားပေးကြမည့်အသင်း ပရိသတ်များ၏ ခရီးစရိတ်ကို ကျခံ သွားမည် ဖြစ်ကြောင်း မန်စီးတီးအသင်းပိုင်ရှင်က မေလ (၁၈)ရက်တွင် ကတိပေးခဲ့ခြင်း ဖြစ်ပါတယ်။
မန်စီးတီး အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ယခုလကုန်ပိုင်းမှာ ပေါ်တို၌ ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သွားရောက် ကြည့်ရှုမည့်
အသင်း ပရိသတ် များ၏ ခရီးစရိတ်ကို မင်းသား ရှိတ်မန်ဆော်က ကျခံသွားမည် ဖြစ်ကြောင်း မန်စီးတီး အသင်းက ကြေညာအပ် ပါသည်။
ကိုရိုနာ ကပ်ဘေးကြောင့် မန်စီးတီး အသင်းပရိသတ်များ ငွေကြေး ကျပ်တည်းမှုများနှင့်ကြုံတွေ့နေရပြီး ယင်းအခက်အခဲကို ကူညီပေးရန် ဖြစ်ကြောင်း”ပါရှိပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ကို တစ်သင်းလျှင် လက်မှတ် စောင်ရေ (၆၀၀၀)စီ ခွဲဝေ ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။