Unicode Version
ဥရောပ ဂိုးသွင်းဘုရင်ဆု ဖြစ်တဲ့ ဥရောပရွှေဖိနပ်ဆုဆိုတာ ဥရောပနိုင်ငံတွေက လိဂ်ပြိုင်ပွဲတွေမှာ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လာဇီယိုက အင်မိုဘီလီဟာ စီးရီးအေမှာ ၃၆ ဂိုးသွင်းပြီး ဥရောပရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ ဒုတိယနေရာက လီဝမ်ဒေါစကီးထက် ၂ ဂိုး အသာနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီးက ဘွန်ဒက်လီဂါ ဂိုး ၄၀ သွင်းပြီး ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘွန်ဒက်လီဂါတစ်ရာသီအတွင်း ဂိုး ၄၀ သွင်းနိုင်ခဲ့တာကြောင့်
ဂျာမန်ဘောလုံး သူရဲကောင်း ဂတ်မူလာရဲ့ ဘွန်ဒက်လီဂါ တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းတဲ့စံချိန်ကို လိုက်မီသွားပါပြီ။
နောက်လာမယ့် ဘွန်ဒက်လီဂါ ပွဲစဉ်မှာ လီဝမ်ဒေါစကီး တစ်ဂိုးထပ် ရခဲ့ရင်တော့ ၃၉ နှစ်ကြာ ရပ်တည်နိုင်ခဲ့တဲ့ ဂတ်မူလာရဲ့စံချိန်ကို ချိုးနိုင်မှာဖြစ်ပါတယ်။
အင်မိုဘီလီ မတိုင်ခင် နောက်ဆုံး ၁၂ နှစ်မှာတော့ ဥရောပ ရွှေဖိနပ်ဆုကို မက်ဆီတစ်လှည့်၊ ရော်နယ်ဒိုတစ်လှည့် ယူခဲ့ကြပါတယ်။ ပူးတွဲယူခဲ့တာလည်း တစ်နှစ်ရှိပါတယ်။
ဒီနှစ်မှာတော့ လီဝမ်ဒေါစကီးက ၁၀ ဂိုးလောက် ပိုသွင်းထားတာကြောင့် ဒုတိယနေရာက မက်ဆီနဲ့ ရော်နယ်ဒို လိုက်မီစရာ အကြောင်းမရှိ တော့ပါဘူး။
လက်ရှိအချိန်မှာ ဥရောပ လိဂ်ပြိုင်ပွဲများအချို့မှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး တချို့မှာ တစ်ပွဲသာ ကျန်ရှိတော့တာ ဖြစ်လို့ ဥရောပ ရွှေဖိနပ်ဆုကိုတော့ လီဝမ်ဒေါစကီးက ရရှိသွားတော့ မှာပဲ ဖြစ်ပါတယ်။
ဥရောပရွှေဖိနပ်ဆု တန်းစီဇယားကို ဖော်ပြလိုက်ပါတယ်။
၁. လီဝမ်ဒေါစကီး ၄၀ ဂိုး ၂. မက်ဆီ ၃၀ ဂိုး ၃. ရော်နယ်ဒို ၂၉ ဂိုး ၄. အန်ဒရေဆေးဗား ၂၇ ဂိုး
၅. အမ်ဘာပေ ၂၆ ဂိုး ၆. ဟာလန်း ၂၅ ဂိုး ၇. မိုရီနို ၂၃ ဂိုး ၈. လူကာကူ ၂၃ ဂိုး ၉. ဟယ်ရီကိန်း ၂၂ ဂိုး ၁၀. ဘန်ဇီမာ ၂၂ ဂိုး ၁၁. မြူရီယယ် ၂၂ ဂိုး ၁၂. ဆာလာ ၂၂ ဂိုး