Spots news

ချဲလ်ဆီးက ခေါ်ယူဖို့ကြိုးစားမယ့် စီးရီးအေက ကွင်းလယ်ကစားသမား

Unicode Version

လာမည့် နွေရာသီ အပြောင်းအရွေ့ကာလမှာ ကွင်းလယ် ကစားသမားတစ်ဦး ခေါ်ယူအားဖြည့်ဖို့ ကြံရွယ်နေတဲ့ ချဲလ်ဆီးအသင်းဟာ စီးရီးအေကလပ် အတ္တလန္တာ ကွင်းလယ် ကစားသမား မာလင်နော့စကီးကို ခေါ်ယူရန် ကြိုးစားနေကြောင်း သတင်းများက ဖော်ပြထားပါတယ်။

ပေါင်သန်း ၂၀ တန်ကြေး ရှိသည်ဟု သတ်မှတ်ခံထားရသော ယူကရိန်း လက်ရွေးစင် ကစားကွက် ဖန်တီးရှင်ဟာ အတ္တလန္တာ အသင်းနှင့်အတူ ခြေစွမ်းပြ ကစားလျက် ရှိနေပြီး ၄၁ ပွဲကစားကာ ၉ ဂိုးသွင်း ၁၂ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

အသက် ၂၈ နှစ် အရွယ် မာလင်နော့စကီးကို လက်ရှိ ဘောလုံးရာသီ စီးရီးအေ ချန်ပီယံ အင်တာမီလန် အသင်းနှင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေပါတယ်။

ချဲလ်ဆီးအသင်း မန်နေဂျာ တူချယ်ဟာအသင်း၏ ကွင်းလယ်အတွက် ပြင်သစ်ကွင်းလယ်ခံစစ် ကစားသမား ကန်တေနှင့် တွဲကစားရန် တိုက်စစ် အားသန်သော ကွင်းလယ်လူ တစ်ဦး ခေါ်ယူလို နေပြီး ချဲလ်ဆီးအသင်း ပိုင်ရှင်ကလည်း မာလင်နော့စကီးကို ခေါ်ယူရန် စိတ်ဝင်စား နေပါတယ်။

မာလင်နော့စကီးဟာ ရှက်တာဒိုးနက် အသင်းမှာ နှစ်ရာသီ ကစားပြီးနောက် ဘယ်ဂျီယံ ကလပ် ဂျန့်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ တွင် ဘယ်ဂျီယံ အမှတ်ပေး ချန်ပီယံဆုကို ရရှိခဲ့ဖူးသူပါ။ ထို့နောက် ပေါင် ၁၂ သန်းဖြင့် အတ္တလန္တာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။

မာလင်နော့စကီးဟာ အတ္တလန္တာနှင့် ၂၀၂၃ အထိ စာချုပ် သက်တမ်းရှိပြီး အတ္တလန္တာကလည်း ၎င်းကို အသင်းတွင် ဆက်ထိန်းသွားရန် အပြင်းအထန် ကြိုးစားသွားဖွယ် ရှိပါတယ်။