Spots news

အလီဆင်နဲ့ ဖာဘင်ဟိုကို စာချုပ်သက်တမ်း တိုးဖို့ လီဗာပူး စီစဉ်နေ

Unicode Version

လီဗာပူး အသင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သူ ဘရာဇီး လက်ရွေးစင် ဂိုးသမား အယ်လီဆန် ဘက်ကာ နဲ့ ဖာဘင်ဟို တို့ကို

စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ စတင်လာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

ဘရာဇီး ဂိုးသမား အလီဆင်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဖာဘင်ဟိုဟာလည်း လွန်ခဲ့တဲ့ ၃နှစ်က ရောက်လာခဲ့ ပြီးနောက် အန်ဖီးလ်မှာ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘရာဇီး လက်ရွေးစင် ဂိုးသမား အယ်လီဆန်ဟာ ၂၀၁၈ခုနှစ်မှာ ရိုးမားအသင်း ကနေ လီဗာပူး အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၆၂.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

အယ်လီဆန်ဟာ လီဗာပူး အသင်းနဲ့ ၂၀၂၄ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိ နေသေးသူ ဖြစ်ပေမယ့် ဥရောပ အသင်းကြီး တချို့က

စိတ်ဝင်စား နေတာကြောင့် လီဗာပူး အသင်းဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်တာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Daily Telegraphရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာအသင်းရဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့

ဗန်ဒိုက် ၊ ဆာလက်တို့ကို အသင်းမှာ အနာဂတ် သေချာအောင် ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဆွေးနွေးမှုတွေ ကိုတော့ ရာသီကြိုအတွက် အစီအစဉ်အတွက် ကစားသမားတွေ ပြန်လာမယ့် ဇူလိုင်လအစမှာ ပြုလုပ်သွားမှာပါ။

ယခုအချိန် မှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်သာ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။