Spots news

လေဗာကူဆင်ကြယ်ပွင့်ကို အပြိုင်လိုက်နေတဲ့ မန်ယူနိုက်တက် နဲ့ အာဆင်နယ်

Unicode Version

နည်းပြဆရာကြီးဖာဂူဆန်ရဲ့ တပည့်ရင်း မန်ချက်စတာ ယူနိုက်တက် ဆိုးလ်ရှားဟာ အသင်းကို လူငယ်ကစားသမား အများစုနဲ့

တည်ဆောက်နေသူဖြစ်ပြီး ဒန်နီယယ် ဂျိမ်း ၊ဒိုင်ယာလို တို့ ကဲ့သို့သော လူငယ်ခြေတက် ကစားသမားများကို ရှာဖွေ ခေါ်ယူခဲ့သူပါ။

ယူနိုက်တက် ကမ်းလှမ်းနေတဲ့ လူငယ်ကစားသမားတွေ အားလုံးဟာ အသက် ၂၀ကျော် ဝန်းကျင်တွေကအများဆုံးဖြစ်ပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ကတာ၀န်ရှိသူတွေဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လူငယ်ကစားသမားကြယ်ပွင့်တွေကို လိုက်ရှာနေပါတယ်။

လက်ရှိအချိန်မှာလဲ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်း တို့ဟာ လေဗာကူဆင် လူငယ်ကြယ်ပွင့် ကစားသမားတစ်ယောက်ကို ခေါ်ယူရန် စောင့်ကြည့်လျက် ရှိနေကြောင်း သိရပါတယ်။

အဲဒီကစားသမားဟာ မေ့ဆက်ဒီယာဘီ ဖြစ်ပြီးအသက် ၂၁ နှစ် အရွယ်သာရှိသေးကာ ဘယ်တောင်ပံမှာ အဓိကကစားပြီး လိုအပ်ပါက ညာတောင်ပံသို့ထွက်ခါ ကစားနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

မန်ချက်စတာ ယူနိက်တက်အသင်း ကတော့ လေဗာကူဆင် ကစားသမား မော့ဆက်ဒီယာဘီ အတွက် ယူရို ၃၈ သန်း ၀န်းကျင် အသုံးပြုသွားမယ်လို့ သတင်းထွက် နေတာပဲ ဖြစ်ပါတယ်။

အချို့ ခန့်မှန်း သူတွေကတော့ ပြင်သစ် သားလေး ရဲ့ အေးဂျင့် နဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ ဖူးတဲ့ အာဆင်နယ် က အသာရ နိုင်ချေ ရှိတယ် လို့ ပြောဆိုနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ် တို့သာမက ဒေါ့မွန် အသင်းကလည်း လေဗာကူဆင် အသင်း ရဲ့ တောင်ပံကြယ်ပွင့်ကို အပြိုင် စောင့်ကြည့် နေတယ် လို့ သိရ ပါတယ် ။