Spots news

မန်ချက်စတာ ယူနိုက်တက်ပစ်မှတ် ဆန်ချိုကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ချဲလ်ဆီး

Unicode Version

ယူနိုက်တက်ကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

ယူနိုက်တက်ကတော့ အဆိုပါအသက် ၂၁ နှစ်သားကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်ဘက်ကပေါင် ၁၀၈ သန်းလောက်အထိ တောင်းဆိုတာကြောင့် နောက်ဆုတ်ခဲ့ ရတာဖြစ်ကာ လက်ရှိအချိန်မှာတော့

ပေါင်သန်း ၈၀ လောက်နဲ့ ရောင်းချဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ဆန်ချိုကို တူချယ်က စိတ်ဝင်စားနေပြီး နွေရာသီမှာ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဆန်ချိုဟာ အင်္ဂလန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ချဲလ်ဆီး ပရိသတ်တစ်ဦးအနေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားကတော့ ပရီးမီးယားလိဂ်ကိုပြန်လာချင်နေပြီး

အသင်းကြီး တော်တော်များများက စိတ်ဝင်စားနေပါတယ်။ ကာဗာနီကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာကြောင့် ယူနိုက်တက်က တောင့်ပံနေရာအတွက်ပဲ အာရုံစိုက်နေပြီး ဆန်ချိုကို အဓိထားနေတာဖြစ်ပါတယ်။

ဆန်ချိုဟာ ညတောင်ပံမှာ ခြေစွမ်းပြကစားနေတာဖြစ်ပြီး ချဲလ်ဆီး ရောက်လာပါက ပူလီဆစ် ၊ ဇီယက်ချ် ၊ အိုဒွိုင်းလ်တို့နဲ့

အားပြိုင်ရဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ကတော့ မေဆင်ဂရင်းဝုဒ် တစ်ယောက်တည်း ရှိတာကြောင့် အဆိုပါ ကစားသမားနဲ့သာ အားပြိုင်ရဖွယ်ရှိပါတယ်။