Spots news

ယူရိုပါလိဂ်ဖလားလဲ ယူမယ် ဝုဗ်ကိုလဲ အနိုင်ယူမယ်ဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

ယူနိုက်တက်ရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂နှစ်ဆက် ရရှိခဲ့ပြီးနောက် ယူရိုပါလိဂ်ဖလားကို ရယူပြီး ရာသီကိုလဲ အကောင်းဆုံး ပိတ်သိမ်းဖို့ ဆုံးဖြတ်ထား‌ ကြောင်း ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

၃၅ ကိုက်အကွာမှ ဂိုးသွင်းယူပြီးနောက် ကာဗာနီဟာ ပရိသတ်တွေကို ကြိုဆိုတဲ့ပုံစံဖြင့် အောင်ပွဲခံခဲ့သော် လည်း ယူနိုက်တက်ဟာ ဖူလ်ဟမ်နှင့် ၁-၁ ဂိုးသရေကျ သွားခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာကို အနိုင်ရရှိခဲ့တဲ့အတွက် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာဖြင့် ရာသီပိတ်သိမ်းဖို့ သေချာသွားခဲ့ပြီး ၄နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရရှိဖို့ အာရုံစိုက် သွားနိုင်မှာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ Sir Matt Busby ဆုကို ၂ရာသီဆက်တိုက် ဆုရရှိခဲ့ပြီးနောက် “ တစ်ဦးချင်းဆုတွေက ကစားသမားတွေ အတွက် တကယ့်ကို ကောင်းပါတယ်လို့ ကျွန်တော် အမြဲပြောဖူးပါတယ်

ဒါဟာ ကိုယ့်ကိုကိုယ် စိတ်အားတက် စေတာဖြစ်ပြီး မလိုချင်ဘူးလို့ ဘယ်တုန်းကမှ မပြောဖူးပါဘူး။ ကျွန်တော့်အတွက် ကတော့ ဒီဆုက အသင်း တစ်အုပ်စုလုံးရရှိမယ့် ဆုဖလားလောက်တော့ အရေးမကြီးပါဘူး ”

“တစ်ချိန်တည်းမှာပဲ ပရိသတ်တွေက မင်းကိုသဘောကျလာမယ်၊ ကစားပုံတွေ၊ အသင်းဖော်တွေကို ကြိုးစားပြီး ကူညီတောတွေ၊ မင်းလုပ်သမျှကို သဘောကျမှာဖြစ်ကာ ကျွန်တော့်အတွက်ကတော့ ပိုပြီးအရေးပါပါတယ်

ပိုပြီးအရေးကြီး တာကတော့ ရာသီကုန်မှာ ဆုဖလားရရှိဖို့ပါပဲ။ ဘောလုံးဆိုတာက အားကစားအသင်းဖြစ်ပြီး ဆုဖလားရရှိ နေဖို့ပါပဲ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ ပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဆုဖလားရရှိဖို့ ရေပန်းစား နေသော်လည်း အိမ်ကွင်းမှာ လက်စတာနှင့် လီဗာပူးကို ဆက်တိုက်ရှုံး နိမ့်ခဲ့ကာ အခုလည်း ဖူလ်ဟမ်နှင့် သရေကျခဲ့ရတာ ဖြစ်ပါတယ်။

ဝုဗ်နှင့်ကစားမည့် ပွဲကတော့ လက်ရှိရာသီရဲ့ အဝေးကွင်း ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းဖို့အတွက် အခွင့်အရေးလည်း ဖြစ်ပါတယ်။ အသင်းရဲ့ခြေစွမ်း ကျဆင်းနေမှုက ဖိုင်နယ်ပွဲစဉ်အထိ မဖြစ်နိုင်ဘူး လို့ ဖာနန်ဒက်စ်က ယုံ ကြည်နေတာပါ။

“မဟုတ်ပါဘူး၊ ဖိုင်နယ်ပွဲစဉ် ဆိုတာကို မတူညီတဲ့ပွဲစဉ်ပါ။ အခု အရေးကြီးတာက ဝုဗ်နှင့်ပွဲကို အာရုံစိုက်ဖို့ပါ။ သူတို့ အသင်းရဲ့ကစားပုံကို ကျွန်တော်တို့ ကောင်းကောင်းသိပြီး

ခံစစ်ကောင်းမွန်တဲ့ အသင်းပါ။ အဲ့ပွဲစဉ်ကို အနိုင်ရရှိအောင် ကစားပြီး နောက်မှာ နောက်တစ်ပွဲအတွက် စဉ်းစားမှာပါ ” လို့ ဖာနန်ဒက်စ်က MUTV သို့ ပြောကြားခဲ့ပါတယ်။