Spots news

သုံညဘဝကနေ ထိပ်တန်းတိုက်စစ်မှူးဖြစ်လာခဲ့ဂျေမီဗာဒီရဲ့အကြောင်းကို ရုပ်ရှင်ရိုက်တော့မည်

Unicode Version

ဟောလီးဝုဒ်ရုပ်ရှင် ဂုရုတစ်ဦးကတော့ FA ဖလားအောင်ပွဲရရှိခဲ့ပြီနောက် လက်စတာစီးတီး အသင်းနဲ့ ဂျေမီဗာဒီတို့ အကြောင်းတွေကို မှတ်တမ်းရုပ်ရှင် တစ်ခု ရိုက်ကူးဖို့ စီစဉ်နေပါတယ်။

LA အခြေစိုက် ဗြိတိန်လူမျိုး အက်ဒရီယန် ဘက်ချက်ဟာ Goal ရုပ်ရှင်သုံးကားမှာ ပထမ နှစ်ကားရဲ့ ဇာတ်ညွှန်းတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ကတည်းက နောက်ထပ် ဘောလုံးရုပ်ရှင် တစ်ခု ရိုက်ဖို့ စီစဉ်နေပြီး စက်ရုံလုပ်သား တစ်ဖြစ်လည်း အပျော်တမ်း ဘောလုံးသမား တစ်ယောက် ဘဝကနေ

ပရီးမီးယားလိဂ် ချန်ပီယံဆုရှင် ဖြစ်လာတဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီရဲ့ အကြောင်းကို ရိုက်ကူးဖို့အတွက် ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် ဗာဒီဟာ နောက်ထပ် မယုံနိုင်စရာ အောင်မြင်မှုအဖြစ် FA ဖလားကိုပါ ချဲလ်ဆီးအသင်းကို ဝင်ဘလေမှာ ၁-၀ နဲ့ အနိုင်ယူပြီး ရရှိခဲ့ပြန်ပါတယ်။

ဗာဒီဟာ ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ အဆင့်ကနေ ဖိုင်နယ်အထိ စုစုပေါင်း ပွဲစဉ် အကျော့ပေါင်း ၁၃ ကျော့စလုံးကို ကစားခဲ့တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဘတ်ချက် ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခု ရှိပြီးသားဖြစ်ပေမယ့် ကိုဗစ်ကြောင့် ရိုက်ကူးရေးမလုပ်နိုင် ဖြစ်ခဲ့ရပါတယ်။

ဘတ်ချက်က “FA ဖလားမှာ ဂျေမီရဲ့ တိုးတက်မှုတွေကို ကျွန်တော်တို့ တောက်လျှောက် စောင့်ကြည့်ခဲ့ပြီး နောက်ထပ် စံချိန်တစ်ခုကို ထပ်ချိုးပြသွားတယ်။

ဂျေမီက ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ သူဆက်တိုက် ရရှိခဲ့တဲ့ အောင်မြင်မှု တွေက ကျွန်တော်တို့ကို ရုပ်ရှင်မရိုက် ရိုက်ချင်လာအောင် လုပ်နေသလိုပါပဲ။

ပြီးခဲ့တဲ့နှစ်ကတည်းက ရိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ကပ်ဘေးကြောင့် ရုပ်ရှင်လောကရဲ့ အခြေအနေတွေရော၊ အခြားကိစ္စ တွေရောက ရိုက်ဖို့ အခွင့်မသာခဲ့ဘူး။

အထူးသဖြင့်တော့ လက်စတာရဲ့ အောင်မြင်မှု မြင်ကွင်းတွေ ဖန်တီးတဲ့ နေရာမှာ ပရိသတ်အများကြီးပါတဲ့ မြင်ကွင်းတွေ ပါနေတယ်။

ဒါမျိုးဇာတ်ကွက် တွေကို ကွန်ပျူတာသုံးပြီး မဖန်တီးချင်ဘူး။ ပေါ့တီးပေါ့ဆ လုံးဝလုပ်မှာ မဟုတ်ပါဘူး၊ ဇာတ်ညွှန်းကို အချိန်ယူပြီး သေချာ ရေးထားသလို စိတ်လှုပ်ရှားစရာ မိတ်ဖက်အသစ် တွေကိုလည်း ခေါ်ဆောင် သွားမှာပါ။

အခုတော့ သရုပ်ဆောင်ပိုင်း အတွက် ဆက်လုပ်နေတယ်၊ မကြာခင် ထုတ်လုပ်မှုအပိုင်းကို အကောင်းဆုံး နည်းလမ်းတွေ၊ ကွင်းလုံးပြည့် ပရိသတ်တွေ နဲ့ ဘေးကင်းကင်းနဲ့ ရိုက်ကူး နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘတ်ချက်ဟာ ဟောလီးဝုဒ်မှာ နေထိုင်ပြီး သူ့ရဲ့ထုတ်လုပ်ရေး ကုမ္ပဏီ Knightsbridge Film ကနေ ရုပ်ရှင်ကားတွေ ရိုက်ကူး ထုတ်လုပ် နေတာပဲ ဖြစ်ပါတယ်။

Goal ရုပ်ရှင် တွေကနေ ကမ္ဘာတစ်ဝှမ်း ဝင်ငွေ ပေါင် ၂၃ သန်းအထိ ရရှိခဲ့ပြီး နာမည်ကျော် ကစားသမား တွေဖြစ်တဲ့ ဇီဒင်းဇီဒန်းနဲ့ ဒေးဗစ်ဘက်ခမ်းတို့လို ကြယ်ပွင့်တွေ ပါဝင်ခဲ့ကြပါတယ်။

ဘတ်ချက်က ဗာဒီရဲ့နေရာမှာ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ဇက်အက်ဖ်ရွန် နဲ့ ရောဘတ်ပတ်တင်ဆန်တို့ကို ရွေးချယ်ထားပြီး One Direction အဖွဲ့ဝင် ယော့ခ်ရှိုင်းယား တောင်ပိုင်းသား လူးဝစ် တွမ်လင်ဆန်လည်း

ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ လက်စတာနည်းပြ ရော်ဂျာကတောင် “ ဂျေမီရဲ့ဘဝက အရမ်း ထူးခြားတယ်လေ။ ဒါကို ရုပ်ရှင်အဖြစ် မဖန်တီးနိုင် စရာအကြောင်း မရှိပါဘူး ” လို့ ပြောခဲ့ပါတယ်။