Spots news

လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ ချဲလ်ဆီး

Unicode Version

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီး ပြိုင်ဘက်လိဂ်တစ်ခုခုကို ပြောင်းရွေ့ကစားလိုနေတဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူရန်အတွက် တရားဝင်ဆက်သွယ်မှုတစ်ခု ပြုလုပ်လိုက်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာန တစ်ခုက ရေးသားဖော်ပြထားပါတယ်။

ချဲလ်ဆီးမန်နေဂျာ တူချယ် အနေနဲ့ လာမည့် ဘောလုံးရာသီသစ်မှာ အသင်းရဲ့ ထင်သ‌လောက် ခရီးမပေါက်နေတဲ့ တိုက်စစ်ကို ပြင်ဆင်ဖို့ လိုအပ်နေပြီး အသင်း၏တိုက်စစ်မှာ အရေးတကြီး ဖြေရှင်းရမည့် ကိစ္စတစ်ရပ်ဟု လက်ခံထားပါတယ်။

နည်းပြလမ်းပတ်လက်ထက် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီကလဲ လိုက်ပ်ဇစ်အသင်းမှ ဂျာမန်တိုက်စစ်မှူး ဝါနာကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ခေါ်ယူထားသော်လည်း ၎င်းမှာ အသင်း၏တိုက်စစ်ကို ဦးဆောင်နိုင်ခြင်း မရှိပဲ ကစားသမား ကိုယ်တိုင်မှာလဲ ခြေစွမ်းပြသနိုင်ချင်း မရှိခဲ့ပါဘူး။

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း၊ စပါးမှ ထွက်မည်လုပ်နေတဲ့ ဟယ်ရီကိန်းနှင့် အင်တာမှ လူကာကူတို့ကို တူချယ်ခေါ်ယူသည့် စာရင်းထဲတွင် ထည့်သွင်းထားသော်လည်း လီဝမ်ဒေါစကီး အသင်းပြောင်းမည်ဟု သတင်းထွက်လာသောအခါ ပိုလန်တိုက်စစ်မှူးကို နံပါတ်တစ်ပစ်မှတ်အဖြစ် တူချယ်က ရည်ရွယ်လာခြင်း ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင် လီဝမ် ဒေါစကီးဟာ ပြိုင်ပွဲစုံ ၃၉ ပွဲကစားရာတွင် ၄၇ ဂိုး သွင်းယူထားပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေချိန်မှာ

လက်ဦးမှုယူပြီးခေါ်ယူရန် ချဲလ်ဆီးက ထိုသို့ စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်ပါတယ်။ လီဝမ်ဒေါစကီးကို ချဲလ်ဆီးအသင်းအပြင် ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေပါတယ်။