Spots news

အဂူရိုနဲ့ ဒီပေး နှစ်ဦးစလုံးကို အလွတ်‌ခေါ်ယူနိုင်တော့မယ့် စပိန်ထိပ်သီး ဘာစီလိုနာ

Unicode Version

သတင်းများအရ စပိန်ကလပ် ဘာစီလိုနာအသင်းဟာ မကြာမီ ရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ စီးတီးကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး အဂူရိုနဲ့ ပြင်သစ်ကလပ် လိုင်ယွန် အသင်းရဲ့

တိုက်စစ်မှူး ဒီပေးတို့ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ သဘောတူညီမှု ရရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုနဲ့ နယ်သာလန် လက်ရွေးစင် ဒီပေးတို့ နှစ်ဦးစလုံးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သက်ဆိုင်ရာ အသင်းတွေနဲ့

စာချုပ်သက်တမ်း ကုန်ဆုံးတေယ့မှာ ဖြစ်ပြီး ဘာစီလိုနာအသင်း အနေနဲ့ သူတို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

အဂူရိုဟာ ဘာစီလိုနာအသင်း အဓိက တိုက်စစ်မှုး လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော်တဦး ဖြစ်ကာ သူဟာ လာလီဂါရဲ့ အသင်းတသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း မှာလဲ

ထိပ်တန်း တိုက်စစ်မှူးတဦး အဖြစ် ကာလရှည် ကစားဖူးတာကြောင့် ဘာစီလိုနာအသင်းမှာ အလွယ်တကူ အထိုင်ကျနိုင်ကြောင်း တာဝန်ရှိသူများက ယုံကြည်နေပါတယ်။

အသက် ၂၇နှစ် အရွယ်သာ တောင်ပံတိုက်စစ် ကစားသမား ဒီ‌ပေးကတော့ လက်ရှိ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းရဲ့ စိတ်ကြိုက် ကစားသမားတဦး ဖြစ်ကာ

ကိုးမန်းဟာ ဒီပိုင်းကို ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းထံ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အဂူရိုနဲ့ ဒီပိုင်းတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ အတွက် အခြေအနေ ကောင်းနေသလို

နှစ်ဦးစလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ မကြာမီ ရက်ပိုင်း အတွင်းမှာပဲ စာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း ရိုမာနိုက ဆိုပါတယ်။