Unicode Version
မန်စီးတီး အသင်းသာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ဆုဖလား ရရှိတဲ့အတွက် ဂုဏ်ပြုလုပ်မှာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ မန်စီးတီးဟာ အီသီဟက်ကွင်း ကြီးမှာ အဂူရိုအတွက် နှုတ်ဆက်ပွဲကို ပြုလုပ် ပေးသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးရဲ့ ဂန္တဝင် ကစားသမားဟာ ဒီနွေရာသီမှာ ထွက်ခွာမှာဖြစ်ပြီး အသင်းမှာ ၁၀နှစ်တာ ကစားခဲ့ကာ စံချိန်တင် ဂိုးသွင်းယူခဲ့ပြီး
လိဂ်ရဲ့သမိုင်းကြောင်းမှာလည်း အကောင်းဆုံး ဂိုးသွင်းတဲ့ တိုက်စစ်မှုး တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အဲ့ဒီနေ့မှာတော့ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ရရှိတဲ့ ပရိသတ် ၁၀၀၀၀ ကို အဂူရိုက နှုတ်ဆက်သွားမှာ ဖြစ်ပါတယ်။ တိုက်စစ်မှုးဟာ ဘာစီလိုနာသို့ ပြောင်းရွေ့ဖို့
သတင်းတွေ ထွက်နေပြီး နိုင်ငံ့လက်ရွေးစင်အသင်းဖော် မက်ဆီနှင့် တွဲဖက်ကစားဖို့ ရှိနေကာ စာချုပ်ချုပ် ဆိုခြင်းကတော့ မရှိသေးတာဖြစ်ပါတယ်။
သူဟာ မန်စီးတီးအတွက် ၃၈၈ ပွဲကစားပေးထားတာဖြစ်ပြီး ၂၅၈ ဂိုးအထိ သွင်းယူထားကာ ကြံ့ခိုင်မှု ပြည့်ဝခဲ့ပါက နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နှင့် ကစားမည့်ပွဲမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဖိုင်နယ်ပွဲအဖြစ် ပေါ်တိုသွားရောက်မည့် ခရီးစဉ်မှာလည်းပါဝင်နိုင်ဖို့ မျှော်လင့်နေသော်လည်း ကစားရ ဖို့က မသေချာနေတာပါ။
မန်စီးတီးဟာ အဂူရိုအတွက် နှုတ်ဆက်ပွဲပြုလုပ်ပေးဖို့ စီစဉ်နေတာဖြစ်ပြီး ဒါဟာ ဇန်ဘလက်တာ၊ ယာယာတိုရေး၊ ကွန်ပနီတို့ရဲ့ပွဲများနှင့် အတူတူပဲဖြစ်ပါတယ်။
အထူးအစီစဉ်လည်းရှိနေပြီး လက်ရှိအသင်းဖော်တွေနဲ့ အသင်းဖော်ဟောင်း တွေကပါ လာရောက်နှုတ်ဆက်ကြမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အထူး ဗီဒီ ယိုတွေကိုလည်း အီသီဟက် ကွင်းကြီးရှိ ကြီမားတဲ့ မှန်သားပြင်မှာ ပြသထားမှာဖြစ်ပါတယ်။
ဒါဟာ ထူးခြားတဲ့ အခိုက်အတန့် ဖြစ်မယ်ဆိုတာကတော့ အသေအချာပါပဲ။ အဂူရိုက ပရိသတ်တွေထံသို့သွားကာ မိုက်ကရိုဖုန်းကို ကိုင်ပြီး မေးခွန်း မေးသွားမှာဖြစ်ကာ သန်းပေါင်းများစွာသော ပရိသတ်တွေက တီဗီကနေ ကြည့်ရှု နေမှာဖြစ်ပါတယ်။