Spots news

ရော်နယ်ဒိုသာ ထွက်ခွာသွားခဲ့ ဂရဇ်မန်း နဲ့ အစားထိုးဖို့ ကမ်းလှမ်းမယ့် ဂျူဗင်တပ်

Unicode Version

စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အသင်း ပြောင်းဖြစ်ခဲ့ပါက

၎င်း၏ နေရာကို အစားထိုးရန် အတွက် ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဂရဇ်မန်းကို လျာ ထားကြောင်း စပိန်သတင်းစာ များက ဖော်ပြ ထားပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒို အ‌နေနဲ့ ဂျူဗင်တပ်အသင်း အနေဖြင့် ချန်ပီယံလိဂ် ဝင်ရောက်ခွင့် နှင့် လွဲချော်ခဲ့ပါက လက်ရှိ ဘောလုံးရာသီ အကုန်တွင် အီတလီမှ ထွက်ခွာသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်း အကြီးအကဲ လာပေါ်တာဟာ လာမည့် နွေရာသီမှာ အသင်းကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရန် ပြောဆိုထားပြီး ဂရဇ်မန်းကိုလည်း

ထုတ်ရောင်းရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။လက်ရှိ အချိန်မှာလဲ အဂူရို ၊ ဒီပေးနှင့် ဂျာအိုဖိလစ် တို့ကို ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်လျက် ရှိနေပါတယ်။

ထို့ကြောင့် ဘာစီလိုနာ တိုက်စစ်မှာ ဂရဇ်မန်းအတွက် ပုံမှန် နေရာရရန် မလွယ်ကူတော့ ပေမယ့် ပြင်သစ် တိုက်စစ်မှူးဟာ ဘာစီလိုနာ အသင်းနှင့် ၂၀၂၄ အထိ စာချုပ် သက်တမ်း ရှိ‌နေပြီး

ဂျူဗင်တပ် အသင်း အနေဖြင့် လာမည့် နှစ်တွင် ယူရိုပါလိဂ် ကစားရမည် ဆိုပါက ဂရိဇ်မန်းအနေဖြင့် တူရင်သို့ ပြောင်းရွှေ့ရန် အနည်းငယ်စဉ်းစားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာဟာ အက်သလက် တီကို မက်ဒရစ်မှ ဂျာအိုဖိလစ် ကို ခေါ်ယူရေးတွင် ဂရိဇ်မန်းကို အပြောင်း အရွှေရဲ့ တစ်စိတ် တစ်ဒေသ အဖြစ် အသုံးပြုရန် ရည်ရွယ် ထားကြောင်းလည်း သတင်းများ ထွက်ပေါ် နေပါတယ်။