Spots news

ဂါရတ်ဘေးကို အပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ တော့တင်ဟမ်အသင်းမှာ အငှားကစားနေတဲ့ ဂါရတ်ဘေးလ်ကိုရောင်းချဖို့ ပြင်ဆင် နေပါတယ်။ သတင်းတွေရဲ့အဆိုအရ ရီးရဲလ် အသင်းဟာ ဂါရတ်ဘေးလ်ကို အပြီးသတ် ရောင်းချလိုနေပြီး တော့တင်ဟမ်ကလည်း ခေါ်ယူချင် နေပါတယ်။

ဘေးလ်ကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်း တစ်ချို့ ပြန်လည် ရရှိလာခဲ့ကာ ၂၀ ပွဲမှာ ၈ ဂိုးသွင်း ၃ ဂိုး ဖန်တီးထား နိုင်ခဲ့ပါတယ်။ ဘေးလ်ဟာ ရီးရဲလ် အသင်းနဲ့ ၁ နှစ်စာချုပ် သက်တမ်း ကျန်ရှိနေပြီး တစ်ပတ် လုပ်ခ ပေါင် ၆ သိန်း ရရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ မက်ပီကို ခေါ်ယူဖို့ အသင်းကစားသမား တစ်ချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ရီးရဲလ် အနေနဲ့ မက်ပီကိုခေါ်ယူဖို့ ဘဏ္ဍာရေး အခက်အခဲ တစ်ရပ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂါရတ်ဘေးကို ခေါ်ယူလိုတဲ့ အသင်း များစွာ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ် အဲဗာတန်အသင်းကလဲ ဂါရတ်ဘေးကို ခေါ်ယူဖို့ စုံစမ်းမှူများ ပြုလုပ်လျက် ရှိနေပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ေတာ့တင္ဟမ္အသင္းမွာ အငွားကစားေနတဲ့ ဂါရတ္ေဘးလ္ကိုေရာင္းခ်ဖိဳ႕ ျပင္ဆင္ေနပါတယ္။ သတင္းေတြရဲ႕အဆိုအရ ရီးရဲလ္ အသင္းဟာ ဂါရတ္ေဘးလ္ကို အၿပီးသတ္ ေရာင္းခ်လိဳေနၿပီး ေတာ့တင္ဟမ္ကလည္း ေခၚယူခ်င္ ေနပါတယ္။

ေဘးလ္ကေတာ့ ပရီးမီးယားလိဂ္မွာ ေျခစြမ္းေကာင္းတစ္ခ်ိဳ႕ ျပန္လည္ ရရွိလာခဲ့ကာ ၂၀ ပြဲမွာ ၈ ဂိုးသြင္း ၃ ဂိုး ဖန္တီးထား နိုင္ခဲ့ပါတယ္။ ေဘးလ္ဟာ ရီးရဲလ္အသင္းနဲ႕ ၁ ႏွစ္စာခ်ဳပ္ သက္တမ္း က်န္ရွိေနၿပီး တစ္ပတ္လုပ္ခ ေပါင္ ၆ သိန္း ရရွိေနတာ ျဖစ္ပါတယ္။

ရီးရဲလ္အသင္းဟာ မက္ပီကို ေခၚယူဖို႔ အသင္းကစားသမား တစ္ခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့ ရီးရဲလ္ အေနနဲ႕ မက္ပီကိုေခၚယူဖို႔ ဘ႑ာေရး အခက္အခဲ တစ္ရပ္နဲ႕ ရင္ဆိုင္ရဖြယ္ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ ဂါရတ္ေဘးကို ေခၚယူလိုတဲ့ အသင္းမ်ားစြာ ရွိေနၿပီး ပရီးမီးယားလိဂ္ ကလပ္ အဲဗာတန္အသင္းကလဲ ဂါရတ္ေဘးကိုေခၚယူဖို႔ စုံစမ္းမႉမ်ား ျပဳလုပ္လ်က္ ရွိေနပါတယ္။