Spots news

ပြိုင်ဘက်ကစားသမားရဲ့အားနည်းချက်ကို ပွဲမပြီးခင်သိခဲ့လို့ရခဲ့တဲ့ မားကပ်ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုး

Unicode Version

မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က အဆိုပါသွင်းဂိုးကိုရရှိဖို့အတွက် သူ ဘယ်လိုအကြံရခဲ့တယ်ဆိုတာကို ပြန်လည်ဖွင့်ဟလိုက်ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကသွင်းယူခဲ့တာဖြစ်ပြီး ပြိုင်ဘက်နောက်ခံလူနဲ့ထိကာ လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ အ‌ရေးပါတဲ့ အနိုင်သုံးမှတ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဆင့် ၂ သို့တက်လှမ်းကာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို ၂ မှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ Premier League ချန်ပီယံလောင်းအသင်းအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ကာ ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့ သွင်းဂိုးအတွက် ဝုလ်ဗ်ကစားသမား နူရီကို အသုံးချခဲ့ကြောင်း ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။

“ဒါဟာ ဒီပွဲရဲ့ အဆုံးအဖြတ်သွင်းဂိုးပါ။ လှပတသွင်းဂိုး တစ်ဂိုးတော့မဟုတ်ခဲ့ပေမယ့်လည်း အနိုင်သုံးမှတ်ကို ရရှိခဲ့ပါတယ်၊ ပြိုင်ဘက်က ကစားရတာခက်ခဲပေမယ့် နိုင်ပွဲရခဲ့လို့ ကျေနပ်ရပါတယ်၊ ကျွန်တော့်ရဲ့ ကန်သွင်းမှုမတိုင်ခင်မှာ ပြိုင်ဘက်နောက်ခံလူ နူရီက ပွဲချိန်အတွင်း ကြွက်တက်နေခဲ့တာကို ကျွန်တော်သတိထားမိတယ်ဗျ”

“အဲဒါကြောင့် သူ့ကိုကျော်ဖြတ်ပြီးတော့ ကန်သွင်းမယ်ဆိုပြီး ကြိုးစားကြည့်ခဲ့တာပါ၊ ကံကောင်းချင်တော့ ဘောလုံးကလမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့ပါတယ်၊ ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်မိပေမယ့် ဒီပွဲမှာ ကျွန်တော့်ကိုကျွန်တော်အားရကျေနပ်မှုမရှိပါဘူး” လို့ ရက်ရှ်ဖို့ဒ်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒီဂိုးဟာ ရက်ရှ်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ၇ ဂိုးမြောက်ဖြစ်ပြီး ပြိုင်ပွဲစုံအနေနဲ့တော့ ၁၄ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version

မေန႕ညကယွဥ္ၿပိဳင္ခဲ့တဲ့ ဝုလ္ဗ္နဲ႕ပြဲမွာ မန္ခ်က္စတာယူနိုက္တက္အတြက္ ေနာက္က်အနိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္က အဆိုပါသြင္းဂိုးကိုရရွိဖို႔အတြက္ သူ ဘယ္လိုအႀကံရခဲ့တယ္ဆိုတာကို ျပန္လည္ဖြင့္ဟလိုက္ပါတယ္။ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈကေန တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကသြင္းယူခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ေနာက္ခံလူနဲ႕ထိကာ လမ္းေၾကာင္းေျပာင္းဂိုးဝင္ခဲ့တာျဖစ္ပါတယ္။

ယူနိုက္တက္အေနနဲ႕ အ‌ေရးပါတဲ့ အနိုင္သုံးမွတ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အဆင့္ ၂ သို႔တက္လွမ္းကာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္ကို ၂ မွတ္အကြာနဲ႕ ဖိအားေပးနိုင္ခဲ့ပါတယ္။ Premier League ခ်န္ပီယံေလာင္းအသင္းအျဖစ္ ရပ္တည္လာနိုင္ခဲ့ၿပီျဖစ္ကာ ရက္ရွ္ဖို႔ဒ္ကေတာ့ သူ႕ရဲ႕ သြင္းဂိုးအတြက္ ဝုလ္ဗ္ကစားသမား ႏူရီကို အသုံးခ်ခဲ့ေၾကာင္း ပြဲအၿပီးမွာေျပာဆိုသြားခဲ့ပါတယ္။

“ဒါဟာ ဒီပြဲရဲ႕ အဆုံးအျဖတ္သြင္းဂိုးပါ။ လွပတသြင္းဂိုး တစ္ဂိုးေတာ့မဟုတ္ခဲ့ေပမယ့္လည္း အနိုင္သုံးမွတ္ကို ရရွိခဲ့ပါတယ္၊ ၿပိဳင္ဘက္က ကစားရတာခက္ခဲေပမယ့္ နိုင္ပြဲရခဲ့လို႔ ေက်နပ္ရပါတယ္၊ ကြၽန္ေတာ့္ရဲ႕ ကန္သြင္းမႈမတိုင္ခင္မွာ ၿပိဳင္ဘက္ေနာက္ခံလူ ႏူရီက ပြဲခ်ိန္အတြင္း ႂကြက္တက္ေနခဲ့တာကို ကြၽန္ေတာ္သတိထားမိတယ္ဗ်”

“အဲဒါေၾကာင့္ သူ႕ကိုေက်ာ္ျဖတ္ၿပီးေတာ့ ကန္သြင္းမယ္ဆိုၿပီး ႀကိဳးစားၾကည့္ခဲ့တာပါ၊ ကံေကာင္းခ်င္ေတာ့ ေဘာလုံးကလမ္းေၾကာင္းေျပာင္းၿပီး ဂိုးဝင္သြားခဲ့ပါတယ္၊ ဂိုးသြင္းနိုင္ခဲ့လို႔ ေက်နပ္မိေပမယ့္ ဒီပြဲမွာ ကြၽန္ေတာ့္ကိုကြၽန္ေတာ္အားရေက်နပ္မႈမရွိပါဘူး” လို႔ ရက္ရွ္ဖို႔ဒ္က ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။ ဒီဂိုးဟာ ရက္ရွ္ဖို႔ဒ္အတြက္ ပရီးမီးယားလိဂ္ ၇ ဂိုးေျမာက္ျဖစ္ၿပီး ၿပိဳင္ပြဲစုံအေနနဲ႕ေတာ့ ၁၄ ဂိုးအထိ ရရွိခဲ့ၿပီျဖစ္ပါတယ္။