Spots news

ကာဗာနီ ရှိနေလဲ ဒန်နီအင့်ခ်ျကို ထပ်မံ ခေါ်ယူနိုင်သေးကြောင်း နည်းပြဆိုးလ်ရှားပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ကာလ ကတည်းက သတင်းထွက်ခဲ့တဲ့ ဆောက်သမ်တမ် တိုက်စစ်မှူး ဒန်နီအင့်ခ်ျ ကို စုံစမ်းမှုများ ပြုလုပ်လျက်

ရှိနေသေးကြောင်း The Telegraph သတင်းဌာနက ရေးသားဖော်ပြ ထားပါတယ်။ ဒန်နီအင့်ခ်ျဟာ နည်းပြဆိုးလ်းရှား ကိုယ်တိုင် အလိုရှိနေတဲ့ တိုက်စစ်မှူးလဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လာမည့်ဈေးကွက် အတွင်းမှာ တောင်ပံတိုက်စစ် နဲ့ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူရန် အလိုရှိနေကြောင်း နည်းပြ ဆိုးလ်ရှားက

အတည်ပြု ပြောဆိုထားပါတယ်။ စပါးကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာလဲ ယူနိုက်တက်ရဲ့ ပစ်မှတ်ထဲမှာ ပါဝင် နေပါသေးတယ်။

လက်ရှိအချိန်မှာ ဒန်နီအင့်ခ်ျ နဲ့ ဆောက်သမ်တို့ရဲ့ စာချုပ် သက်တမ်းဟာ တစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်ပြီး

မန်ချက်စတာ ယူနိုက်တက် အသင်းက မက်မောစရာ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ပါက ဆောက်သမ် အနေနဲ့ တိုက်စစ်မှူး ကိုလက်လွတ် ရဖွယ် ရှိနေပါတယ်။

လက်ရှိ အချိန်မှာ တိုက်စစ်မှူး ကာဗာနီကို စာချုပ်သက်တမ်း တစ်နှစ်ထပ်မံ တိုးနိုင်ခဲ့ပေမယ့် နည်းပြဆိုလ်းရှားက တိုက်စစ်မှူး တစ်ဦးထပ်မံ ခေါ်ယူနိုင် သေးကြောင်း ပြောဆိုခဲ့ပါတယ်။

“ကာဗာနီကို ကျွန်တော်တို့ သက်တမ်းတိုးနိုင်ခဲ့ပြီဆိုတာဟာ တိုက်စစ်အင်အား ထပ်မဖြည့်တော့ဘူးလို့ ‌မဆိုလိုပါဘူး။ အသင်းမှာ တိုက်စစ်မှူး ကောင်းတွေ အများကြီး ရှိနေလဲ ဘာများ ဖြစ်လို့လဲ ” ဟု ပြောဆိုခဲ့ ပါတယ်။