Spots news

ပွဲထွက်ခွင့်လိုချင်နေတဲ့ မန်ယူဂိုးသမားဟန်ဒါဆန်ကို စောင့်ကြည့်နေတဲ့ ပြိုင်ဘက်အသင်းများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရှိပဲ စပိန် လက်ရွေးစင် ဂိုးသမား ဒေးဗစ်ဒီဂီယာ ရဲ့နောက် ဒုတိယ ဦးစားပေး အဖြစ်သာ ပွဲထွက်ခွင့် ရရှိနေတဲ့ လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန်ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းများစွာ ရှိနေပါတယ်။

လက်ရှိအချိန်မှာ အသက် ၂၄ နှစ်သာ ရှိသေးပေမယ့် နည်းပြဆိုလ်းရှား ကတော့ အဓိက ဂိုးသမား ဒေးဗစ်ဒီဂီယာကိုသာ ဦးစားပေး အဖြစ် ဆက်လက် အသုံးပြုဖွယ်ရှာ ရှိနေတဲ့အတွက် အိုးထရတ်ဖို့ဒ်က ဟန်ဒါဆန်ရဲ့ အနာဂတ်ဟာ မသေချာပဲ ဖြစ်နေပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးကို ၄-၂ ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲမှာ အမှားများ ရှိခဲ့သည့်အတွက် ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာ လူစာရင်းကနေ ချန်လှပ်ထားခြင်း ခံခဲ့ရ ပါတယ်။

ယူရိုပါလိဂ် ဖိုင်နယ်မှာလဲ ဒေးဗစ်ဒီဂီယာသာ ယူနိုက်တက် ဂိုးပေါက်မှာ နေရာယူဖို့ ရှိနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့် လိုချင်နေတဲ့ ဟန်ဒါဆန်အဖို့ အခက်ကြုံ တွေ့နေရပါတယ်။

အသက်ငယ်ရွယ်ပြီး လက်စွမ်းကောင်းမွန်တဲ့ ဟန်ဒါဆန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကလပ်အသင်းများစွာ ရှိနေပြီး စီးရီးအေကလပ် အေစီမီလန် ၊ဂျာမန်ကလပ် ဒေါ့မွန် နဲ့ ပရီးမီးယားလိဂ်မှ ချဲလ်ဆီး ၊ စပါးတို့ က ထိပ်ဆုံးမှ ပါဝင်နေတာပဲဖြစ်ပါတယ်။

ဟန်ဒါဆန် နဲ့ ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ နွေရာသီက စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လူငယ်ဂိုးသမားဟာ ပေါင်တစ်သိန်း ထိ ရရှိနေတာပဲ ဖြစ်ပါတယ်။

ပထမ ဂိုးသမားနေရာ မပေးနိုင် သေးပေမယ့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့လဲ အကယ်ဒမီထွက် ဂိုးသမားကို ဆက်ထိန်း ထားလိုနေပြီး အငှားဖြင့်သာ ခေါ်ယူရနိုင်ဖွယ် ရှိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္မရွိပဲ စပိန္ လက္ေ႐ြးစင္ ဂိုးသမား ေဒးဗစ္ဒီဂီယာ ရဲ႕ေနာက္ ဒုတိယ ဦးစားေပး အျဖစ္သာ ပြဲထြက္ခြင့္ ရရွိေနတဲ့ လူငယ္ဂိုးသမား ဒင္းဟန္ဒါဆန္ကို ေခၚယူရန္ စိတ္ဝင္စားေနတဲ့ ကလပ္အသင္းမ်ားစြာ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၂၄ ႏွစ္သာ ရွိေသးေပမယ့္ နည္းျပဆိုလ္းရွား ကေတာ့ အဓိက ဂိုးသမား ေဒးဗစ္ဒီဂီယာကိုသာ ဦးစားေပး အျဖစ္ ဆက္လက္ အသုံးျပဳဖြယ္ရွာ ရွိေနတဲ့အတြက္ အိုးထရတ္ဖို႔ဒ္က ဟန္ဒါဆန္ရဲ႕ အနာဂတ္ဟာ မေသခ်ာပဲ ျဖစ္ေနပါတယ္။

ဟန္ဒါဆန္ဟာ လီဗာပူးကို ၄-၂ ျဖင့္ ရႈံးနိမ့္ခဲ့သည့္ ပြဲမွာ အမွားမ်ား ရွိခဲ့သည့္အတြက္ ဖူလ္ဟမ္အသင္းနဲ႕ ပြဲမွာ လူစာရင္းကေန ခ်န္လွပ္ထားျခင္း ခံခဲ့ရ ပါတယ္။

ယူရိုပါလိဂ္ ဖိုင္နယ္မွာလဲ ေဒးဗစ္ဒီဂီယာသာ ယူနိုက္တက္ ဂိုးေပါက္မွာ ေနရာယူဖို႔ ရွိေနတာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ လိုခ်င္ေနတဲ့ ဟန္ဒါဆန္အဖို႔ အခက္ႀကဳံ ေတြ႕ေနရပါတယ္။

အသက္ငယ္႐ြယ္ၿပီး လက္စြမ္းေကာင္းမြန္တဲ့ ဟန္ဒါဆန္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကလပ္အသင္းမ်ားစြာ ရွိေနၿပီး စီးရီးေအကလပ္ ေအစီမီလန္ ၊ဂ်ာမန္ကလပ္ ေဒါ့မြန္ နဲ႕ ပရီးမီးယားလိဂ္မွ ခ်ဲလ္ဆီး ၊ စပါးတို႔ က ထိပ္ဆုံးမွ ပါဝင္ေနတာပဲျဖစ္ပါတယ္။

ဟန္ဒါဆန္ နဲ႕ ယူနိုက္တက္တို႔ဟာ ၿပီးခဲ့တဲ့ ေႏြရာသီက စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး လူငယ္ဂိုးသမားဟာ ေပါင္တစ္သိန္း ထိ ရရွိေနတာပဲ ျဖစ္ပါတယ္။

ပထမ ဂိုးသမားေနရာ မေပးနိုင္ ေသးေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ အေနနဲ႕လဲ အကယ္ဒမီထြက္ ဂိုးသမားကို ဆက္ထိန္း ထားလိုေနၿပီး အငွားျဖင့္သာ ေခၚယူရနိုင္ဖြယ္ ရွိပါတယ္။