Spots news

ကီပါ နဲ့ အေဗရာဟမ် ကို အလိုက်ပေးပြီး ဟယ်ရီကိန်းကို ‌ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

Unicode Version

အသင်းလိုက် ဆုဖလားအောင်မြင်မှု ရယူလိုတဲ့အတွက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ရဖို့ တရားဝင်တောင်းဆိုမှူ ပြုလုပ်ထားတဲ့ ‌စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကိုခေါ်ယူလိုနေတဲ့ ထိပ်သီး အသင်းများစွာရှိနေပါတယ်။

ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ကစားရင်း တစ်ဦးချင်း ဆုတံဆိပ်များစွာ ရရှိထားတဲ့ ဝါရင့် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ဖြစ်ပေမယ့် မိခင် ကလပ်အသင်းနဲ့ အတူ ဆုဖလား ရရှိခြင်းမရှိတာကြောင့် အသင်းကနေထွက်ခွာ ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ အတွေ့အကြုံရင့် ထိပ်တန်းတိုက်စစ်မှူး အလိုရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက်

အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကီပါ ၊ အေဗရာဟမ်တို့အပြင် ပြောင်းရွေ့ကြေး အချို့ အလိုက်ပေးပြီး ခေါ်ယူခွင့်ရဖို့ စပါးအသင်းကို ကမ်းလှမ်းလိုက်ပါတယ်။

စပါးဟာ အသင်းရဲ့ ဝါရင့်ဂိုးသမား လောရစ်ရဲ့ နေရာကို အစားထိုးဖို့အတွက် ဂိုးသမားတစ်ဦး စုံစမ်းနေတာဖြစ်တဲ့ အတွက် ချဲလ်ဆီးဂိုးသမားကီပါက စပါးအတွက် မျက်စိကျစရာ ဖြစ်နေသလို

ဟယ်ရီကိန်းထွက်ခွာသွားပါက အစားထိုးစရာ‌ တိုက်စစ်မှုးအဖြစ် အေဗရာဟမ်ကို ရရှိမှာ ဖြစ်လို့ အပြောင်းအရွေ့ ဖြစ်မြောက်ဖွယ်ရာရှိနေကြောင်း သတင်းများက ဆိုကြပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တန်ကြေးကို စပါးက ပေါင် သန်း ၉၀ ကျော်သတ်မှတ်ထားတာဖြစ်ပြီး ချဲလ်ဆီးဘက်က ကီပါ + အေဗရာဟမ် + ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းမှု ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြထားပါတယ်။

Zawgyi Version






