Unicode Version
ဘာစီလိုနာနဲ့ ဆက်သွယ် ချိတ်ဆက်မှုတွေ ရှိနေတဲ့ ဇာဗီဟာ ဒေါ့မွန်နှင့် ဘရာဇီးလက်ရွေးစင် အသင်းတွေက နည်းပြအဖြစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။
စပိန်ကွင်းလယ်လူဟာ ကာတာကလပ် AL –Sadd အသင်းကို လက်ရှိမှာ တာဝန်ယူ ကိုင်တွယ်နေပြီး မကြာသေးခင်ကမှ စာချုပ်သစ် ၂နှစ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
နည်းပြ ရော်နယ်ကိုးမန်း ယခုနွေရာသီမှာ ထုတ်ပယ်ခံရဖို့အလားအလာ များနေခြင်းနင့်အညီ ဘာစီလိုနာထံ ကစားသမားဟောင်း ဇာဗီပြန်သွားမယ့် သတင်းတွေက ကျယ်ပြန့်စွာ ထွက်ပေါ်လျက် ရှိပါတယ်။
ပြီးခဲ့တဲ့ အပတ်က ကတ္တလန်သတင်းစာ ARA ရဲ့ ဖော်ပြချက်အရ ဘာကာဥက္ကဌ ဂျိုအန် လာပေါ်တာနှင့် ကလပ်ဘုတ်အဖွဲ့တွေဟာ ဇာဗီနဲ့အသင်းထံ ပြန်လာဖို့ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကာတာကလပ်နဲ့အမှတ်ပေးရာသီ ကုန်ဆုံးပြီးနောက် ဇာဗီဟာ ကာတာလိုးနီးယားမှာ အားလပ်ရက်အဖြစ် အနားယူနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာတစ်သင်းတည်း
အသက်၄၁နှစ်အရွယ် နည်းပြကို စိတ်ဝင်စားနေတာ မဟုတ်ဘဲ ဒေါ့မွန်အသင်းက ၃နှစ်စာချုပ်နဲ့ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့စပိန်သတင်းစာ AS ကဖော်ပြပါတယ်။
ဒေါ့မွန်အသင်းက နည်းပြ ဗာဗရီကို ထုတ်ပယ်ပြီးနောက် လက်ရှိမှာ ယာယီနည်းပြ တာဇစ်နဲ့ ခရီးဆက်နေရပါတယ်။
ဘွန်ဒက်စ်လီဂါကလပ်ဟာ ရာသီအကုန်တွင် မိုချန်ဂလာဘတ်ချ် နည်းပြ မာကို ရို့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။
ဒါပေမဲ့ AL- Sadd အသင်းနဲ့စာချုပ်သစ် ထပ်မတိုးခင် ဇာဗီကို ကမ်းလှမ်းခဲ့တဲ့ တစ်သင်း ရှိခဲ့ပါသေးတယ်။ ဘရာဇီးဘောလုံး အဖွဲ့ချုပ်ဟာ ကာတာတွင်
လာမယ့်နှစ်မှာ ကမ္ဘာ့ဖလား ကျင်းပချိန် နည်းပြ တီတီရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ရန် ဇာဗီကို ဆက်သွယ် ကမ်းလှမ်းခဲ့ပါတယ်။
တီတီ ထွက်ခွာသွားချိန်မှာလည်း ဇာဗီကို နည်းပြချုပ်အဖြစ် ခန့်အပ်ရန်လည်း အစီအစဉ် ရှိထားပါတယ်။ ဒါပေမဲ့ အဆိုပါ ကမ်းလှမ်းမှုတွေကို ဇာဗီက မြန်မြန်ဆန်ဆန်ဘဲ ပယ်ချခဲ့ပါတယ်။
သတင်းတွေအရ ကာတာမှာ ပျော်ရွှင်နေပြီး တခြားအသင်းကို ပြောင်းရွှေ့ကိုင်တွယ်ပါကလည်း ဘာစီလိုနာကိုလည်း ကိုင်တွယ်သွားဖို့ရည်ရွယ်ထားပုံ ရပါတယ်။
ဇာဗီကို အနာဂတ် ဘာစီလိုနာနည်းပြသစ်အဖြစ် မျှော်လင့်ထားကြပြီး ကာတာကလပ်နဲ့လည်း ၂၀၁၉ခုနှစ်က စတင်ကာ ဆုဖလားအောင်မြင်မှုတွေ ရရှိထားနေတာပါ။
လက်ရှိ နည်းပြ ကိုးမန်းရဲ့အနာဂတ်က တနင်္ဂနွေညမှာ ဆဲလ်တာဗီဂိုအသင်းကို ရှုံးနိမ့်ပြီး လာလီဂါ ဆုဖလား မျှော်လင့်ချက် မရှိတော့တဲ့နောက် မရေမရာ ဖြစ်လာခဲ့ပါတယ်။
ကိုပါဒယ်ရေးမှာ အောင်မြင်မှု ရခဲ့သော်လည်း လာလီဂါနှင့် ချန်ပီယံလိဂ်တွေမှာ ကျရှုံးခဲ့တာကြောင့် နည်းပြ ကိုးမန်းကို သဘောမကျတဲ့ အသံတွေ တိုးလာနေပါတယ်။
လာမယ့်အပတ်အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ဆုံးဖြတ်ချက်တွေ ချမှတ်သွားမယ်လို့အသင်းဥက္ကဌ လာပေါ်တာက ထုတ်ဖော်ပြောဆိုထားပါတယ်။