Spots news

အက်သလက်တီကို ကို ကျေးဇူးတင်ကြောင်း မျက်ရည်ကျရင်းဖြေကြားခဲ့တဲ့ ဆွာရက်ဇ်

Unicode Version

လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပြီ ဖြစ်တဲ့အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကတော့ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာ က သူ့အပေါ် တန်ဖိုး မထားပဲ စွန့်ပစ်လိုက်ချိန်မှာ

ယုံယုံကြည်ကြည် ခေါ်ယူ ခဲ့ပြီး သူဘယ်လို ကစား သမား ဖြစ်တယ် ဆိုတာကို ပြသခွင့် ပေးခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် ကို ကျေးဇူးတင်ကြောင်း မနေ့ ညက အောင်ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာ မနေ့ညက လာလီဂါ နောက်ဆုံး ပွဲစဉ် အဖြစ် ဗယ်လာဒိုးလစ် အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့

အနိုင် ရကာ လာလီဂါ အမှတ်ပေး ချန်ပီယံဆုကို ရယူ သိမ်းပိုက် နိုင်ခဲ့ပြီး အက်သလက်တီကိုရဲ့ အနိုင်ဂိုးကို ဆွာရက်ဇ်က သွင်းယူ ပေးခဲ့တာပါ။

ဆွာရက်ဇ်ဟာ ဘာစီလိုနာ နည်းပြဖြစ်သူ ကိုးမန်းက ဆွာရက်ဇ်ဟာ ဘာစီလိုနာ အသင်းမှာ ကစားဖို့ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ပြီး

၎င်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်ကြောင်း ပြောကြား ခဲ့ပြီးနောက် ဆွာရက်ဇ်ကို အသင်းမှ ပြောင်းရွေ့ခွင့် ပြုခဲ့တာပါ။

ဆွာရက် ဟာ စီးရီးအေ ကို ပြောင်းရွှေ့ဖို့ ပြုလုပ်ခဲ့ပေမယ့် အလုပ်ဗီဇာ အခက်အခဲ ကြောင့် မပြောင်းရွေ့ခဲ့ ရပါဘူး။ သို့ပေမယ့် အပြောင်းအရွေ့ ပိတ်သိမ်းကာနီးမှာ

အက်သလက် တီကိုက ကမ်းလှမ်းလာခဲ့ပြီး ဆက်သွယ် လာခဲ့ပြီး ပြောင်းရွေ့ကြေး ပေါင် ၅ သန်းဖြင့် ဘာစီလိုနာ ရဲ့ လာလီဂါ ပြိုင်ဘက်ဆီသို့ ရောက်ရှိ သွားခဲ့ပါတယ်။

ဘာစီလိုနာအတွက် အသက်ကြီး လွန်းနေတဲ့ အသက် ၃၄ နှစ်အရွယ် ဆွာရက်ဇ်ဟာ အက်သလက်တီကို မှာလည်း ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ရဲ့ ခြေစွမ်းကို ပြသခဲ့ပြီး

ဂိုးတွေသွင်းယူ ပြနေဆဲ ဖြစ်ပါတယ်။ ဆွာရက် ဟာ ဒီရာသီ မှာ အက်သလတ်တီကို အတွက် လာလီဂါသွင်းဂိုး ၂၁ ဂိုး အထိ သွင်းယူပေး ခဲ့ ပါတယ် ။

လာလီဂါ ချန်ပီယံဆု ရရှိပြီး ‌သတင်း မီဒီယာတွေနဲ့ အင်တာဗျူး မှာတော့ လူကြမ်း တိုက်စစ်မှူးကြီး ကလည်း သူ့ရဲ့ ခက်ခဲခဲ့တဲ့ နေ့ရက်တချို့အပါအဝင်

သူ့အပေါ် တန်ဖိုးထားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းကို ကျေးဇူးတင်ကြောင်း မျက်ရည်များ ဝဲလျက် ဖြေကြား သွားခဲ့ပါတယ်။

“ဘာစီလိုနာက ကျွန်တော့ကို တန်ဖိုး မထားခဲ့ ပါဘူး ။ အက်သလက် တီကို မက်ဒရစ် က ကျွန်တော့အတွက် တံခါးဖွင့် ပေးခဲ့ပါတယ် ။ ကျွန်တော့်ကို

ယုံကြည်ပေး ခဲ့တဲ့ အတွက် အက်သလက်တီကို မက်ဒရစ် အသင်းကို ကျွန်တော် ကျေးဇူးတင် အမှတ်ရ နေမှာပါ” လို့ ဆွာရက်က ပြောဆို ခဲ့ ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှူးကြီးဟာ အောင်ပွဲခံနေစဉ် ကွင်းထဲမှာ သူ့ရဲ့ဖုန်းကို ထုတ်ပြီး ဗီဒီယို ဖုန်း ခေါ်ဆို နေခဲ့ပုံကို မီဒီယာတွေ

မှတ်တမ်း တင်နိုင်ခဲ့ကြပြီး သူ့ရဲ့မိတ်ဆွေ ဘာစီလိုနာ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီကို ခေါ်ဆိုနေတာ ဖြစ်ကြောင်း အများက ဆိုကြပါတယ်။