Unicode Version
ဥရောပ ဂိုးသွင်းဘုရင်ဆု ဖြစ်တဲ့ ဥရောပရွှေဖိနပ်ဆုဆိုတာ ဥရောပနိုင်ငံတွေက လိဂ်ပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လာဇီယိုက အင်မိုဘီလီဟာ စီးရီးအေမှာ ၃၆ ဂိုးသွင်းပြီး ဥရောပရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ ဒုတိယနေရာက လီဝမ်ဒေါစကီးထက် ၂ ဂိုး အသာနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးအပိတ် ပွဲစဉ်ဖြစ်တဲ့ အော့စ်ဘတ်ကို ၅-၂ နဲ့အနိုင်ရတဲ့ပွဲမှာ ပွဲပြီးခါနီး အပိတ်ဂိုး သွင်းနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ အမှတ်ပေးလိဂ် ပြိုင်ပွဲ သွင်းဂိုး ၄၁ဂိုး အထိ ရရှိခဲ့ပါပြီ။
ဒါဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက်မှာ စံချိန်သစ်တင်နိုင်ခဲ့တာ လည်းဖြစ်ပြီး ဘိုင်ယန် တိုက်စစ်မှုးဟောင်း ဂတ်မူလားရဲ့ လိဂ်ဂိုး ၄၀ မှတ်တမ်းကို ၄၁ ဂိုးသွင်းပြပြီး ချိုးဖျက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ သွင်းဂိုး ၅ ဂိုးအထိ ရရှိခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ အခြားလိဂ်တွေက ဘယ်တိုက်စစ်မှုးမှ သူ့လောက် သွင်းဂိုးမများတဲ့အတွက် ဥရောပရွှေဖိနပ်ဆုကို ရရှိသွားခဲ့ပါပြီ။
Zawgyi Version
ဥေရာပ ဂိုးသြင္းဘုရင္ဆု ျဖစ္တဲ့ ဥေရာပေ႐ႊဖိနပ္ဆုဆိုတာ ဥေရာပနိုင္ငံေတြက လိဂ္ၿပိဳင္ပြဲေတြမွာ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ကစားသမားေတြကို ေ႐ြးခ်ယ္ၿပီး ဆုခ်ီးျမႇင့္တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က လာဇီယိုက အင္မိုဘီလီဟာ စီးရီးေအမွာ ၃၆ ဂိုးသြင္းၿပီး ဥေရာပေ႐ႊဖိနပ္ဆု ရရွိခဲ့ပါတယ္။ ဒုတိယေနရာက လီဝမ္ေဒါစကီးထက္ ၂ ဂိုး အသာနဲ႕ ရရွိခဲ့တာ ျဖစ္ပါတယ္။
ဒီရာသီမွာေတာ့ ဘြန္ဒက္စ္လီဂါ ေနာက္ဆုံးအပိတ္ပြဲစဥ္ျဖစ္တဲ့ ေအာ့စ္ဘတ္ကို ၅-၂ နဲ႕အနိုင္ရတဲ့ပ့ြဲမွာ ပြဲၿပီးခါနီး အပိတ္ဂိုးသြင္းနိုင္ခဲ့တဲ့ လီဝန္ေဒါစကီးဟာ ဒီရာသီမွာ အမွတ္ေပးလိ၈္ၿပိဳင္ပြဲ သြင္းဂိုး ၄၁ဂိုး အထိ ရရွိခဲ့ပါၿပီ။
ဒါဟာ ဂ်ာမနီ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ စံခ်ိန္သစ္တင္နိုင္ခဲ့တာလည္းျဖစ္ၿပီး ဘိုင္ယန္တိုက္စစ္မႈးေဟာင္း ဂတ္မူလားရဲ႕ လိဂ္ဂိုး ၄၀ မွတ္တမ္းကို ၄၁ဂိုးသြင္းျပၿပီး ခ်ိဳးဖ်က္နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ လီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႕ အတူ သြင္းဂိုး ၅ ဂိုးအထိ ရရွိခဲ့ကာ ေျခစြမ္းျပနိုင္ခဲ့သူျဖစ္ပါတယ္။
လက္ရွိ အခ်ိန္မွာေတာ့ အျခားလိဂ္ေတြက ဘယ္တိုက္စစ္မႈးမွ သူ႕ေလာက္ သြင္းဂိုးမမ်ားတဲ့အတြက္ ဥေရာပေ႐ႊဖိနပ္ဆုကို ရရွိသြားခဲ့ပါၿပီ။