Articles Spots news
“ကျွန်တော်ပါရင် ခံစစ်မလုံဘူးလို့ ဝိုင်းပြောကြတယ်ဗျာ ” – မာဆယ်လို
Unicode Version
ရီးရဲလ် အသင်းက သက်ကြီးကစားသမား အများအပြားကိူ အနားပေးကာ လူငယ်ကစားသမားတွေကိုအစားထိုးနေတဲ့နည်းတူ သူတို့ အနေနဲ့ အဓိကကစားသမားဖြစ်ခဲ့တဲ့ မာဆယ်လို ကိုလည်း အနားပေးကာ အတော်လေး ချန်ရစ်ခဲ့ပြီး မန်ဒီကိုအသုံးပြူလာတဲ့ နောက်ပိုင်းပွဲတွေမှာ ဘရာဇီးလ်သားက ပါဝင်ခွင့်မရတော့ပါဘူး။
သို့ပေမယ့် မာဆယ်လို က ကြံခိုင်ရေးနည်းပြအသစ်ငှားရမ်းပြီး လေ့ကျင့်ခန်းအသစ်တွေစတင်နေပေမယ့် ပွဲထွက်ခွင့်ပျောက်ဆုံးနေပါသေးတယ်။
မာဆယ်လိုက “ဘဝက ဒီလိုပါပဲဗျာ…
တစ်ခါတစ်လေတော့လဲရှင်းပြရခတ်တာပေါ့။အဝတ်လဲခန်းထဲမှာ ရာမို့စ်ရဲ့ စကားတွေကြားရတာအားတတ်စရာပါပဲ၊သူက အသင်းရဲ့ရှုံးပွဲတွေကိုမလိုလားဘူး ချေဖျက်ပြချင်နေပါတယ်။အခုလဲ ကျွန်တော်တို့အသင်းအရင်လက ကျရှုံးမှုတွေကို သူဦးဆောင်ပြီးချေဖျက်ပြနေတာ‌ပေါ့။ကျွန်တော်ကလား ?…. အင်း… ကွင်းထဲမဝင်ဖြစ်တာတော့ကြာပါပြီ။၆ ပွဲ ၇ ပွဲလောက်တော့ရှိရောပါ့ ”
“နည်းပြဇီဒန်းကိုလဲ အပူမကပ်ချင်ပါဘူးဗျာ… သူလဲ ကျဉ်းထဲကျပ်ထဲရောက်နေတော့ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ကျွန်တော်ကွင်းထဲဝင်ရင် ခံစစ်မလုံဘူးဆိုပြီးဝိုင်းပြောကြတော့ ကျွန်တော်လဲစိတ်မကောင်းတော့ဖြစ်မိတာပေါ့… ဘယ်တတ်နိုင်မလဲဗျာ။ ”
“ ရာသီကုန်တာနဲ့စာချုပ်ကလဲ တိုးဖြစ်မယ်မထင်တော့ပါဘူး။ကျွန်တော်ထွက်မသွားချင်သေးဘူးကိုယ့်လူ၊မက်ဒရစ် အပြင်ဘက်က လေစိမ်းတွေက မနွေးထွေးတဲ့အကြောင်းမကြာခနကြားနေရတယ်။ အခွင့်အရေးရရင်တော့ ရင်ဘတ်ပေါ်ကမတ်ဒရစ်တံဆိပ်ကိုပြပြီး အောင်ပွဲခံချင်သေးတာပေါ့ဗျာ ”
“ အမလေးဗျာ ခများတို့နဲ့စကားကောင်းနေတာ ကျနော်အချိန်လွန်နေပြီ။အရံခုံသွားထိုင်ရဦးမယ်၊ခများတို့လည်း ရုပ်သံကနေကြည့်ကြမှာမဟုတ်လား သွားကြည့်ကြပါဗျာ”လို့ဆိုခဲ့ပါတယ်။
အကောင်းဆုံးကပြအသုံးတော်ခံခဲ့ပြီး သူနဲ့မက်ဒရစ်ရယ်ဟာ ခွဲမရအောင်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ရော်နယ်ဒိုထွက်ခွာသွားပြီး သူချစ်တဲ့အသင်းကလဲ သူ့အပေါ်အလိုမရှိတော့ပြီမို့ သူ့အနေနဲ့ မက်ဒရစ်နဲ့ပတ်သတ်သမျှတွေဟာ လွမ်းဆွတ်စရာတွေပဲဖြစ်နေပြီပေါ့ ။
Zawgyi Version
ရီးရဲလ် အသင်းက သက်ကြီးကစားသမား အများအပြားကို အနားပေးကာ လူငယ်ကစားသမားတွေကိုအစားထိုးနေတဲ့နည်းတူ သူတို့ အနေနဲ့ အဓိကကစားသမားဖြစ်ခဲ့တဲ့ မာဆယ်လို ကိုလည်း အနားပေးကာ အတော်လေး ချန်ရစ်ခဲ့ပြီး မန်ဒီကိုအသုံးပြူလာတဲ့ နောက်ပိုင်းပွဲတွေမှာ ဘရာဇီးလ်သားက ပါဝင်ခွင့်မရတော့ပါဘူး။