Spots news

ရာသီသစ်မှာ ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ပြင်ဆင်နေပြီဟု အဲဗာတန်နည်းပြ အန်စလော့တီပြော

Unicode Version

ပရီးမီးယားလိဂ် ကလပ် အဲဗာတန်အသင်းရဲ့ နည်းပြဖြစ်သူ အန်စလော့တီကတော့ လာမည့် ရာသီသစ်မှာ အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ ပြင်ဆင်လာတော့မှာ ဖြစ်ကြောင်း ပွဲစဉ် ၃၈ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဝါရင့် သမ္ဘာရင့် နည်းပြတစ်ဦးဖြစ်သူ အီတလီလူမျိုး နည်းပြကြီး အန်စလော့တီဟာ အေစီမီလန် ၊ ချဲလ်ဆီး ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်သီး အသင်းတွေကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အောင်မြင်မှု များရယူခဲ့သလို အဲဗာတန်အသင်းဟာလဲ ရာသီအစမှာ ပရီးမီးယားလိဂ် အဆင့် ၁ နေရာကို ရယူပြပြီး ပြိုင်ဘက် အသင်းကြီးတွေကို ထိတ်လန့်စေခဲ့ ပါတယ်။

သို့ပေမယ့် ရာသီဝက်မှာ ကစားသမား အင်အား ရှားပါးမှု ၊ ပွဲကြပ်မှု ၊ပွဲပန်းမှုတို့ကြောင့် ပရီးမီးယားလိဂ် ခရီးကြမ်းမှာ လမ်းချော်ခဲ့ပြီး အဆင့် ၁ နေရာမှ ဆင်းပေးခဲ့ရပါတယ်။ လက်ရှိမှာ အဲဗာတန် အသင်းဟာ အဆင့် ၈ နေရာမှာ ရှိနေပြီး ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ အဆင့် ၇ နေရာကို ရရှိဖို့ လိုအပ်နေပါတယ်။

ယနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာလဲ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်း နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နည်းပြအန်စလော့တီကတော့ အသင်းအပေါ်ယုံကြည်မှုများရှိနေပြီး လူအင်အားဖြည့်တင်းမှူများ ပြုလုပ်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော့် အသင်းဟာ ပရီးမီးယားလိဂ် ၁ နေရာကို ရယူနိုင်တဲ့ အဆင့် ၊ ဆုဖလားကို စိန်ဆခါ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ အသင်းကြီးတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ပြီး ရလဒ်ကောင်းတွေ ရယူ နိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမည့်ရာသီမှာ ဆုဖလားကို စိန်ခေါ်မယ့် အနေအထား ရောက်လာတော့မှာပါ ” ဟုပြောကြား ခဲ့ပါတယ်။