Spots news

ဝုဗ်နဲ့ ပွဲမှာ အာမက်အပါအဝင် ယူနိုက်တက်အကယ်ဒမီထွက် လေးဦးထိပါဝင်နိုင်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်တစ်ပတ်ထဲမှာ ယူရိုပါလိဂ် ဖိုင်နယ် ကစားဖို့ရှိနေတာကြောင့် ဒီတစ်ပတ် ပိတ်ရက်မှာ ကစားရမယ့် ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်မှာ လူချန်ပြီး ကစားဖို့အတွက် စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ချက်စတာစီးတီးထံ ပေးလိုက်ရပြီ ဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း ယူနိုက်တက်က သေချာသွားခဲ့ပါပြီ။ ဒီရာသီမှာ နည်းပြအိုလီဂန်နာ ဆိုးလ်ရှားရဲ့

ဦးဆောင်မှုနဲ့ အတူ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် ပိုများတဲ့ အမှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို ရယူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အဓိကခံစစ်မှူး ဟယ်ရီမက်ဂွာရီ ကစားနိုင်ဖို့ မသေချာသလို အဓိကကွင်းလယ်လူ တွေဖြစ်တဲ့ ဖရက်ဒ်နဲ့ စကော့မက်တိုမီနေး တို့ကလည်း ဒဏ်ရာ ပြဿနာတွေ အသီးသီး ရှိနေကြပါတယ်။

ယူနိုက်တက် ပထမအသင်းရဲ့ နောက်ထပ်အဓိကကစားသမား တွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်၊ ပေါလ်ပေါ့ဂ်ဘာနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကိုလည်း မက်ဂွာရီလို မဖြစ်စေဖို့အရေး ဒီပွဲမှာ အနားပေးသွားဖို့ လိုနေပါတယ်။

ဒီအခြေအနေတွေ ကြောင့် ယူနိုက်တက် အနေနဲ့ လာမယ့် ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ပရိသတ်တွေ သိပြီးသား လူငယ်တွေနဲ့ အခြားမျက်နှာသစ် အကယ်ဒမီထွက် လူငယ်လေးတွေကို နေရာပေးလာဖွယ် ရှိပါတယ်။

အဲ့ဒါကြောင့် လာမယ့်ဝုဗ် နဲ့ပွဲစဉ်မှာ အာမက်၊ မက်ဂျ်ဘရီ၊ ရှိုလာရှိုရီတိုင်းယား၊ ဝီလ်ဖစ်ရှ်နဲ့ အန်တိုနီ အီလန်ဂါတို့လို လူငယ် ကစားသမား လေးတွေ လူစာရင်းထဲ ပါဝင်လာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲစဉ် တုန်းကလည်း အီလန်ဂါ၊ အာမက်ဒီယယ်လို တို့ကို ပွဲထွက် လူစာရင်းမှာ ပွဲထုတ် ခဲ့ဖူးတာကြောင့် ဒီပွဲမှာလည်း လက်စတာနဲ့ ပွဲတုန်းကထက် ပိုများတဲ့ လူငယ်တွေ မြင်တွေရနိုင်ပါတယ်။

လက်တလော အခြေအနေ တွေအရ ပရီးမီးယားလိဂ်မှာ အဆင့် ၂ သေချာပြီး ဖြစ်သလို၊ ဒဏ်ရာပြဿနာတွေနဲ့ ယူရိုပါလိဂ် ဖိုင်နယ်တို့ ရှိနေတာတွေကြောင့် နည်းပြဆိုးလ်ရှား အနေနဲ့

အရန် ကစားသမား တစ်ချို့နဲ့ လူငယ်မျိုးဆက်သစ် ကစားသမား တွေကို နေရာပေးလိုက် တာကသာ အသင်းအတွက် အကောင်းဆုံး အခြေအနေ တစ်ခုဖြစ်မှာ သေချာပါတယ်။