Unicode Version
မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာ အသင်းမှ အလွတ်ပြောင်းရွေ့ကြေးဖြင့်
ခေါ်ယူရန် ဆွေးနွေးလျက်ရှိရာ လက်ရှိအချိန်မှ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူး အဂူရိုဟာ မေလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ
မန်စီးတီးအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး နောက်ရာသီမစခင်မှာပဲ အသင်းသစ်သို့ ပြောင်းရွေ့တော့မာ ဖြစ်ပါတယ်
ယခုအခါ Guardian သတင်းစာက အဂူရိုဟာ သူ့ရဲ့ဦးစားပေးကလပ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူထားပြီးဖြစ်ကြောင်း၊
တကယ်လို့ သူရှိနေစဉ်အတွင်း ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရခဲ့ရင် အပိုဆုကြေးငွေရရှိမှာဖြစ်ကြောင်း ရေးသာ ဖော်ပြခဲ့ပါတယ်။
အဲဒီသတင်းစာကပဲ အဂူရိုအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဘာစီလိုနာနဲ့ ဆေးစစ်ဆေးမှုခံယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အဲဒီသတင်းကို အတည်ပြုလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အဂူရိုဟာ မန်စီးတီးမှာ တစ်နှစ်လုပ်ခ ပေါင် ၁၂သန်းအထိရရှိနေပေမယ့် ဘာစီလိုနာမှာတော့ တစ်နှစ်လုပ်ခ ပေါင် ၄.၄ သန်းပဲရရှိမှာဖြစ်ပါတယ်။
ဆက်လက်ပြီး အဲဒီသတင်းဌာနကပဲ ဘာစီလိုနာဟာ အဂူရိုလိုပဲ လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။