Spots news

ရီးရဲလ်နည်းပြ ဇီဒန်း မဟုတ်ရင်တောင်မှ အမ်ဘာပေ ရီးရဲလ်ကိုပဲ ပြောင်းရွေ့မည်

Unicode Version

စပိန်အခြေစိုက် သတင်းစာတစ်ခုရဲ့ အဆိုအရ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းရဲ့

ပရိတ်သတ် တစ်ဦးဖြစ်ပြီး နည်းပြ ဇီဒန်းရဲ့ လက်အောက်မှာ ဘောလုံးကစား ချင်ကြောင်း ‌ထုတ်ဖော်ပြောကြားခဲ့သူပါ။

သို့ပေမယ့် နည်းပြ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်က ထွက်ခွာတော့မှာ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။ ဇီဒန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ နည်းပြ အဖြစ် မရှိတော့ဘူးဆိုရင်လဲ

အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ် ထံသို့ ပြောင်းရွေ့ ကစားလိုတဲ့ သူ့ရဲ့ စိတ်ဟာ ပြောင်းလဲမှာမဟုတ်ပဲ ရီးရဲလ်သို့ ပြောင်းရွေ့ဖို့ ရာနှုန်းများနေပြီ ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။

လက်ရှိအချိန်မှာ ပီအက်စ်ဂျီဟာ အမ်ဘာပေကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် အဆင်ပြေခြင်းမရှိပဲ ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီမှ ပြောင်းရွေ့ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အကယ်၍ စာချုပ်သက်တမ်းမတိုးနိုင်ပါက ဘာပေကို အလွတ် လက်လွှတ်ရဖွယ် ရှိတာမို့ ပီအက်စ်ဂျီဟာ ဘာပေကို စာချုပ်မပြည့်ခင်ရောင်းချဖွယ်ရာရှိပြီး ရီးရဲလ်ဟာလဲ မကြာခင်မှာပဲ စတင်ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်ဟာ အမ်ဘာပေအတွက် ယူရိုသန်း ၁၅၀ ခန့် အသုံးပြုဖို့ အဆင်သင့်ဖြစ်နေကြောင်း သတင်းများက ဖော်ပြထားသလို နည်းပြဇီဒန်း နေရာမှာ ဂျူဗင်တပ်နည်းပြဟောင်း

အယ်လီဂရီနီ နဲ့ ရီးရဲလ် လူငယ်အသင်းနည်းပြ ရာအူးလ်တို့ ရေပန်းစားနေကြောင်း စပိန်အခြေစိုက် Dairo AS သတင်းဌာနက ရေးသားဖော်ပြ ထားပါတယ်။

အသက် ၂၂ အရွယ်သာ ရှိသေးသူ ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများထဲက တစ်ဦးဖြစ်ပြီး အနာဂတ်မှာ အကောင်းဆုံး ကစားသမားဆု ရရှိနိုင်တဲ့ လူငယ်တစ်ယောက်လဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက ထွက်ခွာဖို့ တာဆူနေတဲ့ အမ်ဘာပေသာ အသင်းပြောင်းရွေ့ ဖြစ်ခဲ့ပါက ထိုအသင်းဟာလဲ ရီးရဲလ်မက်ဒရစ် အသင်းတစ်သင်းတည်းသာ ဖြစ်နိုင်ကြောင်း ဘောလုံး ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။