Spots news

အသင်းပြောင်းတော့မယ့် တိုက်စစ်မှူး အဂူရိုကို နံရံပန်းချီတွေ နဲ့ ဂုဏ်ပြု

Unicode Version

ရာသီကုန်မှာပဲ မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး အဂူရို ကို အသင်း ပရိတ်သတ်များစွာက နံရံပန်းချီများနဲ့ ဂုဏ်ပြုနှုတ်ဆက်ခဲ့ ကြပါတယ်။

မန်ချက်စတာ စီးတီး အသင်းရဲ့ သွင်းဂိုးများဆုံးတိုက်စစ်မှူး အဂူရိုဟာ အသင်းနဲ့အတူ မန်ချက်စတာမှာ ဆယ်စုနှစ် တစ်ခု ကြာအောင် အတူဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၊ ကာရာဘောင်ဖလား ၊အက်ဖ်အေ ဖလားတွေ ကိုရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ၂၅၈ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး အဖြစ်ရှိနေခဲ့တဲ့ အဂူရိုကို မန်ချက်စတာ စီးတီး အသင်းကလဲ အဂူရိုရဲ့ ပုံတူ ရုပ်ထု ပြုလုပ်ပေးပြီး ဂုဏ်ပြုပေးသွားမယ် ဟုလဲ သိရပါတယ်။

မန်စီတီးအသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာလဲ အသင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးစဉ်က ကျူပီအာ အသင်းဘက်ကို နာကျင်အချိန်ပိုမှာ သွင်းခဲ့တဲ့ ပုံရိပ်အား နံရံပန်းချီများ ရေးဆွဲ ဂုဏ်ပြုထား သေးတာလဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လူငယ် အကယ်ဒမီလေ့ကျင့်ရေး အဆောက်အဦးနားမှာ အသင်းရဲ့ ကစားသမားများ ကိုဂုဏ်ပြုတဲ့ အနေနဲ့ရုပ်ပုံ၊ပန်းချီတွေ ရေးဆွဲထားပြီး အဂူရို ၊ကွန်ပနီ၊ဂျိုးဟတ်၊ ယာယာတိုရေး၊ ဒေးဗစ်ဆေးလ်ဗား တို့ပုံတွေကို တွေ့ရပါတယ်။

အသက် ၃၂ နှစ် အရွယ်ရှိ အဂူရိုဟာ စနေနေ့မှာကစားရမယ့် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါ၀င်နိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပြီး ချန်ပီယံလိဂ် ဖလားသာ ရရှိခဲ့ပါက အဂူရို နဲ့ မန်စီတီး တို့ရဲ့ လှပတဲ့ သမိုင်းဟာ ပိုပြီး အမှတ်ရဖွယ် ရှိလာမှာပါ။

Zawgyi Version

ရာသီကုန္မွာပဲ မန္ခ်က္စတာ စီးတီးအသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး အဂူရို ကို အသင္း ပရိတ္သတ္မ်ားစြာက နံရံပန္းခ်ီမ်ားနဲ႕ ဂုဏ္ျပဳႏႈတ္ဆက္ခဲ့ ၾကပါတယ္။

မန္ခ်က္စတာ စီးတီး အသင္းရဲ႕ သြင္းဂိုးမ်ားဆုံးတိုက္စစ္မႉး အဂူရိုဟာ အသင္းနဲ႕အတူ မန္ခ်က္စတာမွာ ဆယ္စုႏွစ္ တစ္ခု ၾကာေအာင္ အတူျဖတ္သန္းခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ၊ ကာရာေဘာင္ဖလား ၊အက္ဖ္ေအ ဖလားေတြ ကိုရရွိခဲ့ပါတယ္။

မန္စီးတီးအသင္းအတြက္ ၂၅၈ ဂိုးသြင္းယူေပးခဲ့ၿပီး အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးအျဖစ္ရွိေနခဲ့တဲ့ အဂူရိုကို မန္ခ်က္စတာစီးတီး အသင္းကလဲ အဂူရိုရဲ႕ ပုံတူ ႐ုပ္ထု ျပဳလုပ္ေပးၿပီး ဂုဏ္ျပဳေပးသြားမယ္ ဟုလဲ သိရပါတယ္။

မန္စီတီးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာလဲ အသင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးစဥ္က က်ဴပီအာအသင္းဘက္ကို နာက်င္အခ်ိန္ပိုမွာ သြင္းခဲ့တဲ့ ပုံရိပ္အား နံရံပန္းခ်ီမ်ား ေရးဆြဲ ဂုဏ္ျပဳထားေသးတာလဲ ျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ လူငယ္အကယ္ဒမီေလ့က်င့္ေရး အေဆာက္အဦးနားမွာ အသင္းရဲ႕ ကစားသမားမ်ား ကိုဂုဏ္ျပဳတဲ့အေနနဲ႕႐ုပ္ပုံ၊ပန္းခ်ီေတြေရးဆြဲထားၿပီး အဂူရို ၊ကြန္ပနီ၊ဂ်ိဳးဟတ္၊ယာယာတိုေရး၊ေဒးဗစ္ေဆးလ္ဗား တို႔ပုံေတြကို ေတြ႕ရပါတယ္။

အသက္ ၃၂ ႏွစ္ အ႐ြယ္ရွိ အဂူရိုဟာ စေနေန႕မွာကစားရမယ့္ ခ်ဲလ္ဆီးနဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပါ၀င္နိုင္ဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဖလားသာ ရရွိခဲ့ပါက အဂူရို နဲ႕ မန္စီတီး တို႔ရဲ႕ လွပတဲ့ သမိုင္းဟာ ပိုၿပီး အမွတ္ရဖြယ္ ရွိလာမွာပါ။