Spots news

ဂိုးသွင်းဘုရင်ဆုရော ဂိုးဖန်တီးမှုအများဆုံးဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း

Unicode Version

စပါးအသင်းရဲ့တိုက်စစ် ကစားသမား ဟယ်ရီကိန်းနဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာတို့ကတော့ ဒီရာသီရဲ့ ဂိုးသွင်းဘုရင်ဆု ရွှေဖိနပ် ဆုအတွက် ရာသီကုန်ပိတ်ပွဲတစ်ပွဲ မတိုင်ခင်က

သွင်းဂိုး ၂၂ ဂိုးနဲ့အတူ အကျိတ်အနယ် ဖြစ်နေကြပေမယ့် နောက်ဆုံး ပွဲစဉ်မှာ‌တော့ ဟယ်ရီကိန်းရဲ့ သွင်းဂိုး တစ်လုံးကြောင့် ၂၀၂၀-၂၀၂၁ရာသီရဲ့ ဂိုးသွင်းဘုရင်ဆုကို တိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ စပါးက လက်စတာကို ၄-၂ ဖြင့် အနိုင်ရရှိတဲ့ ပွဲမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက တစ်ဂိုး သွင်းနိုင်ခဲ့ပေမယ့် လီဗာပူးက ပဲလေ့စ်ကို ၂-၀ ဖြင့် အနိုင်ရရှိရာ၌ ဆာလာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ထို့ကြောင့် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ၂၃ ဂိုး သွင်းယူပြီး သူ၏ကစားသမားဘဝ သက်တမ်းတစ်လျှောက် တတိယအကြိမ်အဖြစ် ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းဟာ တစ်ရာသီလုံးရဲ့ ဂိုးဖန်တီးမှု စံချိန်က ၁၄ ကြိမ်ဖြင့် အများဆုံး ဖြစ် တာကြောင့် ဂိုးဖန်တီးမှု အများဆုံး ဆုကိုလည်း အသင်းကနေ ထွက်ခွာ မသွားခင်မှာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံး ရာသီတွင် ပရီးမီးယားလိဂ် သွင်းဂိုး ၂၃ ဂိုး သွင်းနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ နှစ် များတွင်လည်း ရရှိခဲ့ ဖူးပါတယ်။

ဆာလဟာလဲ ထိုဆုကို ၂၀၁၇-၁၈ တွင် ရရှိခဲ့ပြီး ၂၀၁၈-၁၉ တွင် အူဘာမီရန်၊ လီဗာပူး အသင်းဖော် မာနေးတို့ နှင့်အတူ ပူးတွဲ ရရှိခဲ့ပါတယ် ။