Celebrity Spots news

ချဲလ်စီးကို ပြောင်းရွေ့ခဲ့လို့ ရခဲ့တဲ့ အရာကိုပြောပြလိုက်တဲ့ ဝါနာ

Unicode Version

ပြီးခဲ့တဲ့ အပြောင်းအရွေ့ကာလမှာရောက်ရှိခဲ့တဲ့ ချဲလ်ဆီး ရဲ့ ပေါင်သန်း (၅၀) တန် တိုက်စစ်မှုး ဝါနာ တစ်ယောက် လိုက်ပဇ် မှာလို မဟုတ်ပဲ အဂ်လန်မှာတော့ သူ့ရဲ့ ကစားသမားဘဝ အပြောင်းအလဲက အနည်းငယ်တော့ကြမ်းတမ်းနေပါတယ်။

ဘွန်ဒက်စ်လီဂါက လျှင်မြန်မှု့အသားပေးပြီး ခံစစ်ကိုအနည်းငယ်သာ အားပြုကာ တိုက်စစ်ကို တရစပ်ဆင်တဲ့အသင်းတွေ ဖြစ်လို့ လိုက်ပဇ် လို အသင်းမျိုးမှာ ဝါနာတစ်ယောက်ဂိုး(၅၀+) ရယူနိုင်ပေမယ့် ဂျာမဏီထက် မာပြီး ခံစစ်ကျစ်လစ် တဲ့ ပရီးမီးယားလိဂ်မှာတော့ ဝါနာ တစ်ယောက်ဂိုးရဖိူ့ထက် ‌ဂိုးပေါက်ကို ကန်သွင်းဖို့တောင် အတော်လေး ရုန်းကန်နေရပါတယ်။

 

ဝါနာအနေနဲ့ ပွဲစဉ်တွေကြပ်ပြီး အေးခဲလွန်းတဲ့ အင်္ဂလန်ရဲ့ ရာသီဥတုထက် ပရီးမီးယားလိဂ်နဲ့ နောက်တန်းတွေကို ကြောက်ရွံ့မိကြောင်းပြောဆိုခဲ့ပါတယ်။ ဝါနာက “ကျွန်‌တော့်ရဲ့ ပြောင်းရွေ့ကြေးက ကျွန်တော့်ကို ဖိအားတွေအောက်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ဒီလိုဖိအားတွေအောက်ကနေ အကြိမ်ရေများစွာ ရုန်းထွက်ခဲ့ဖူးတာပဲလေ။

ပရီးမီးယားလိဂ်ကတော့ ဂျာမန်ထက် ပိုခက်တာကအမှန်ပါပဲ။ဒီမှာကစားသမားချင်းလုယူတာဂျာမန်မှာထက်ပိုကြမ်းတယ်ဆိုတာ ကျနော်ဝန်ခံပါတယ်။ မျှော်လင့်ထားတာထက်ပိုပြီး ကြမ်းလွန်းတယ်ဗျာ”လို့ဆိုပါတယ်။ ဝါနာဟာ လက်ရှိ (၁၃) ပွဲကစားထားချိန်မှာ သွင်းဂိုး(၄) ဂိုးသာရရှိသေးသလို ချဲလ်ဆီးရဲ့နောက်ဆုံးကစားထားတဲ့ (၈)ပွဲမှာ သွင်းဂိုး မရရှိသေးပဲ သူ့ရဲ့ဂိုးသွင်းခြေအပေါ် ဝေဖန်မှုတွေရှိလာတာပါ

လက်ရှိအခြေအနေနဲ့ပက်သက်ပြီး ဝါနာက”ကျနော့်ရဲ့ရာသီအစကတကယ်ကို အဆင်ပြေနေတာပါ။ဒါပေမယ့်လည်း လက်ရှိကတော့ အခက်ခဲအနည်းငယ်ရှိနေပါတယ်။ဒီမှာက သူံးရက်တစ်ပွဲလောက်ကစားနေရပြီး ဒါကအတော်လေး ခက်ခဲစေပါတယ်။ ပွဲတိုင်းလည်းခြေစွမ်းပြဖို့ခက်ခဲနေပါတာ်။ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုကို ပိုပြီးလုပ်ရမယ်ဆိုတဲ့ အတွေးလေးရော ရရှိခဲ့ပါတယ်။ တချို့နောက်တန်းတွေက ခန္ဓာကိုယ်ကြီးမားလွန်းပါတယ်။ အဲ့ဒီအတွက် ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုကိုပြင်ဆင်နေပါတယ်။ ပရီးမီးယားလိဂ်မှာကစားနေရတာလဲ ပျော်ရွှင်ရပါတယ်”လို့ဆိုပါတယ်။

Zawgyi Version

ၿပီးခဲ့တဲ့ အေျပာင္းအေ႐ြ႕ကာလမွာေရာက္ရွိခဲ့တဲ့ ခ်ဲလ္ဆီး ရဲ႕ ေပါင္သန္း (၅၀) တန္ တိုက္စစ္မႈး ဝါနာ တစ္ေယာက္ လိုက္ပဇ္ မွာလို မဟုတ္ပဲ အဂ္လန္မွာေတာ့ သူ႕ရဲ႕ ကစားသမားဘဝ အေျပာင္းအလဲက အနည္းငယ္ေတာ့ၾကမ္းတမ္းေနပါတယ္။

ဘြန္ဒက္စ္လီဂါက လွ်င္ျမန္မႈ႕အသားေပးၿပီး ခံစစ္ကိုအနည္းငယ္သာအားျပဳကာ တိုက္စစ္ကို တရစပ္ဆင္တဲ့အသင္းေတြျဖစ္လို႔ လိုက္ပဇ္ လို အသင္းမ်ိဳးမွာ ဝါနာတစ္ေယာက္ဂိုး(၅၀+) ရယူနိုင္ေပမယ့္ ဂ်ာမဏီထက္ မာၿပီး ခံစစ္က်စ္လစ္ တဲ့ ပရီးမီးယားလိဂ္မွာေတာ့ ဝါနာ တစ္ေယာက္ဂိုးရဖိူ႕ထက္ ‌ဂိုးေပါက္ကို ကန္သြင္းဖို႔ေတာင္ အေတာ္ေလး႐ုန္းကန္ေနရပါတယ္။

ဝါနာအေနနဲ႕ ပြဲစဥ္ေတြၾကပ္ၿပီး ေအးခဲလြန္းတဲ့ အဂၤလန္ရဲ႕ ရာသီဥတုထက္ ပရီးမီးယားလိဂ္နဲ႕ ေနာက္တန္းေတြကို ေၾကာက္႐ြံ႕မိေၾကာင္းေျပာဆိုခဲ့ပါတယ္။ ဝါနာက “ကြၽန္‌ေတာ့္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးက ကြၽန္ေတာ့္ကို ဖိအားေတြေအာက္ေရာက္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္က ဒီလိုဖိအားေတြေအာက္ကေနအႀကိမ္ေရမ်ားစြာ ႐ုန္းထြက္ခဲ့ဖူးတာပဲေလ။

ပရီးမီးယားလိဂ္ကေတာ့ ဂ်ာမန္ထက္ ပိုခက္တာကအမွန္ပါပဲ။ဒီမွာကစားသမားခ်င္းလုယူတာဂ်ာမန္မွာထက္ပိုၾကမ္းတယ္ဆိုတာ က်ေနာ္ဝန္ခံပါတယ္။ ေမွ်ာ္လင့္ထားတာထက္ပိုၿပီး ၾကမ္းလြန္းတယ္ဗ်ာ”လို႔ဆိုပါတယ္။ ဝါနာဟာ လက္ရွိ (၁၃) ပြဲကစားထားခ်ိန္မွာ သြင္းဂိုး(၄) ဂိုးသာရရွိေသးသလို ခ်ဲလ္ဆီးရဲ႕ေနာက္ဆုံးကစားထားတဲ့ (၈)ပြဲမွာ သြင္းဂိုး မရရွိေသးပဲ သူ႕ရဲ႕ဂိုးသြင္းေျခအေပၚ ေဝဖန္မႈေတြရွိလာတာပါ

လက္ရွိအေျခအေနနဲ႕ပက္သက္ၿပီး ဝါနာက”က်ေနာ့္ရဲ႕ရာသီအစကတကယ္ကို အဆင္ေျပေနတာပါ။ဒါေပမယ့္လည္း လက္ရွိကေတာ့ အခက္ခဲအနည္းငယ္ရွိေနပါတယ္။ဒီမွာက သူံးရက္တစ္ပြဲေလာက္ကစားေနရၿပီး ဒါကအေတာ္ေလး ခက္ခဲေစပါတယ္။ ပြဲတိုင္းလည္းေျခစြမ္းျပဖို႔ခက္ခဲေနပါတာ္။ ပရီးမီးယားလိဂ္မွာ ႀကံ့ခိုင္မႈကို ပိုၿပီးလုပ္ရမယ္ဆိုတဲ့ အေတြးေလးေရာ ရရွိခဲ့ပါတယ္။ တခ်ိဳ႕ေနာက္တန္းေတြက ခႏၶာကိုယ္ႀကီးမားလြန္းပါတယ္။ အဲ့ဒီအတြက္ ကြၽန္ေတာ့္ရဲ႕ ႀကံ့ခိုင္မႈကိုျပင္ဆင္ေနပါတယ္။ ပရီးမီးယားလိဂ္မွာကစားေနရတာလဲ ေပ်ာ္႐ႊင္ရပါတယ္”လို႔ဆိုပါတယ္။