Spots news

ချဲလ်ဆီး အသင်း ရမှတ်လျော့ခံမည်ဟူသည့် သတင်းများကို FA ငြင်းဆို

Unicode Version

ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် ကစားခဲ့တဲ့ ချဲလ်ဆီး Vs လတ်စတာ ပွဲစဉ်မှာ ဖြစ်ပွားခဲ့သော ဖြစ်ရပ် အတွက် ချဲလ်ဆီး အသင်းကို ရမှတ်လျော့ချမည်ဆိုတဲ့ သတင်းများကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်  FA က ငြင်းပယ်ခဲ့ပါတယ်။

ပွဲရဲ့ နာကျင် အချိန်ပိုမှာ ချဲလ်ဆီး နောက်ခံလူ ဘင်ချီဝဲလ်ကို လက်စတာ နောက်ခံလူ ရီကာဒိုပယ်ရဲရားက ကြမ်းတမ်းစွာ ဖျက်ထုတ်ရာမှ နှစ်ဖက် အသင်းကစား သမားများနှင့် နည်းပြအဖွဲ့ဝင်များ

အချင်းများ ခဲ့ကြခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်  အ တွက် FA က နှစ်သင်းစလုံးအား  စွဲချက်တင်ထားပြီး ယခုအင်္ဂါနေ့ မေ ၂၅ ရက်မတိုင်မီ နှစ်သင်းစလုံးမှ ဖြေ ရှင်းချက်ပေးပို့ ရမည်ဟု ပြောဆိုထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၆ ခုနှစ်က စပါးအသင်းနှင့်ပွဲတွင် နှစ်ဖက် ကစားသမားများအကြားဖြစ်ပွားခဲ့ သော  အငြင်းပွားမှု အတွက် ဒဏ်ငွေ ပေါင် (၃၇၅၀၀၀) ချမှတ်ခံခဲ့ရပြီး ယင်း ပြစ်ဒဏ်အား အယူခံဝင်ရာ၌ FA က နောက်တစ်ကြိမ်တွင် ရမှတ်လျှော့ပြစ် ဒဏ်ချမှတ်ခံရနိုင်သည်ဟု သတိပေး ခဲ့ဖူးပါတယ်။

သို့သော် ချဲလ်ဆီးအသင်း ဟာ ပြိုင်ဘက်အသင်းများနှင့် ယင်းကဲ့သို့ အကြိမ်ကြိမ်အငြင်းပွားမှု များဖြစ်ပေါ် ခဲ့ပြီး၊ ယင်းကဲ့သို့ အချင်းများ မှုမျိုးမှာ (၇)နှစ် အတွင်း (၇)ကြိမ်အထိ ရှိခဲ့ပြီး ယခု တစ်ကြိမ်တွင် ရမှတ်လျှေ ာ့ခံရမည်ဟု သတင်းထွက်ပေါ်  ခဲ့ခြင်း ဖြစ်ပါတယ်။

Zawgyi Version




