Spots news

ချဲလ်ဆီးသို့ ပြန်လည်ရောက်ရှိနိုင်ဖွယ်ရှိနေတဲ့ အီဒင် ဟာဇက်

Unicode Version

တစ်ချိန်က စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် သန်း ၁၃၀ နဲ့ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွေ့သွားခဲ့တဲ့ တောင်ပံကစားသမား ဟာဇက်ဟာ ရီးရဲလ်မှာ ခက်ခဲတဲ့ ခရီးကြမ်းကို ဖြတ်သန်းပီးနောက် ချဲလ်ဆီးအသင်းကို ပြန်လာတော့မယ်လို့ သတင်းများ ထွက်ပေါ် နေပါတယ်။

တချိန်က ချဲလ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ ဟာဇက်ဟာ မက်ဒရစ်မှာတော့ ဒဏ်ရာပြသနာတွေ နဲ့ ရုန်းကန်နေခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ပင် ရုန်းကန် နေခဲ့ရပါတယ်။ ပရိတ်သတ်များက ဟာဇက်ကို ရောင်းချဖို့ တောင်းဆို မှုများပင် ပြုလုပ် ခဲ့ကြပါတယ်။

လတ်တလော သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာမကြာခန ရနေတဲ့ ဟာဇက်ကို အတော်လေး စိတ်ပျက်နေပြီး နွေရာသီ အပြောင်းအရွေ့မှာ ရောင်းချတော့မယ်လို့ စပိန်သတင်းစာ အချို့က ရေးသားဖော်ပြထားပါတယ်။

မက်ဒရစ်ဟာ အသင်းကို စူပါကြယ်ပွင့် ကစားသမား များနဲ့ သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေတို့ကို ခေါ်ယူဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။

ထိုကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ် မက်ဒရစ်ဟာ အသင်းအတွက် အံဝင်ဂွင်ကျ မဖြစ်တဲ့ ကစားသမား များနဲ့ အသက်အရွယ်ကြီးရင့်နေတဲ့ ကစားသမားများကို ရောင်းထုတ်မှာ ဖြစ်ပြီး ဟာဇက် ၊ မာဆယ်လို ၊ ဂါရတ်ဘေးတို့ကို ရောင်းချနိုင်ဖွယ် ရှိနေပါတယ်။

 

မက်ဒရစ်ဟာ ဟာဇက်ကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချဖွယ်ရာရှိနေပြီး “ ဟာဇက် ဟာ လာမည့်ရာသီမှာ အသင်းပြောင်းနိုင်ပါတယ် ” ဟု နည်းပြဇီဒန်းက ပြောကြားထားပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် နှစ်ကြိမ် ၊ ယူရိုပါလိဂ် ၂ ကြိမ် ရယူထားဖူးသူပါ။