Spots news

ရော်နယ်ဒိုရဲ့ နေရာမှာ ဂရစ်ဇ်မန်းနဲ့ အစားထိုးဖို့ စုံစမ်းနေတဲ့ ဂျူဗင်တပ်

Unicode Version

အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်းဟာ အသင်းနဲ့ အနာဂတ် မရေရာ မသေချာနေတဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို အသင်းမှ ထွက်ခွာသွားပါက အစားထိုးရန် အတွက်

ဘာစီလိုနာမှာ ပုံမှန်ခြေစွမ်းပြသ နိုင်ခြင်းမရှိနေတဲ့ ပြင်သစ် ကစားသမား ဂရဇ်မန်းကို ခေါ်ယူဖို့ ပစ်မှတ်ထား လျက်ရှိနေပါတယ်။

ပေါ်တူဂီ ကစားသမား စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်မှ အသင်းဖော် ကစားသမားများ နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသလို

ဂျူဗင်တပ် အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ပင် ရုန်းကန်နေရ ခြင်းကြောင့် အသင်းပြောင်းရွှေ့ရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ် နေပါတယ်။

ထို့ကြောင့် ဂျူဗင်တပ် အသင်းဟာ စီရော်နယ်လ်ဒို ထွက်ခွာသွားပါက အစားထိုးရန် အတွက် ထိပ်သီး ကစားသမား တစ်ဦးကို

ခေါ်ယူရန် ပစ်မှတ် ထားနေပြီး ဘာစီလိုနာမှ ရောင်းချဖွယ် ရှိနေတဲ့ ဂရစ်ဇ်မန်း ကို စုံစမ်းလျက် ရှိနေပါတယ်။

ဘာစီလိုနာ အသင်း အကြီးအကဲ လာပေါ်တာဟာ လာမည့် နွေရာသီမှာ အသင်းကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရန် ပြောဆိုထားပြီး ဂရဇ်မန်းကိုလည်း ထုတ်ရောင်းရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်

လက်ရှိ အချိန်မှာလဲ မန်စီးတီး တိုက်စစ်မှူး အဂူရို လိုင်ယွန်က ဒီပေးနှင့် အက်သလက်က ဂျာအိုဖိလစ် တို့ကို ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်လျက် ရှိနေပါတယ်။

ထို့ကြောင့် ဘာစီလိုနာ တိုက်စစ်မှာ ဂရဇ်မန်းအတွက် အနာဂတ်မှာ ပုံမှန် နေရာရရန် မလွယ်ကူတော့မယ့် အခြေအနေ ရှိနေပြီး ပြင်သစ် တိုက်စစ်မှူးဟာ

ဘာစီလိုနာ အသင်းနှင့် ၂၀၂၄ အထိ စာချုပ် သက်တမ်း ရှိ‌နေပေမယ့် တိုက်စစ်မှူး တစ်ဦးသာ ရောက်ရှိ လာပါက ဂရစ်ဇ်မန်းကို ဂျူဗင်တပ် သို့ ရောင်းချဖွယ် ရှိနေပါတယ်။