Spots news

ယူရိုပါလိဂ်ဖလားထပ်မံရရှိခဲ့ပါက မန်ယူကစားသမားတွေ ဆုကြေး ပေါင် ၄သန်း ရရှိမည်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားဖို့အတွက် ပိုလန် နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

လူစုံတက်စုံ ချီတက် သွားခဲ့တာ ဖြစ်ပြီး ဂန္ဓဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ပါ မန်ချက်စတာ ယူနိုက်တက် ကစားသမား များနဲ့ အတူ လိုက်ပါ သွားခဲ့ပါတယ်။

ဒီပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အလွန် အရေးပါတဲ့ ပွဲစဉ် တစ်ခု ဖြစ်ပါတယ်။ နည်းပြဆိုလ်းရှား လက်ထက် ပထမဆုံး ဥရောပ ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး

၂၀၁၇ ယူရိုပါလိဂ် ချန်ပီယံဆု ဆွတ်ခူးပြီး နောက်ပိုင်း အဓိက ဖလား တစ်လုံးမှ မရရှိတဲ့ မှတ်တမ်းကို ချေဖျက်နိုင်မှာပဲ ဖြစ်ပါတယ်။

ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိသူ တွေဟာ ကစားသမားတွေ ပိုမို စိတ်အား ထက်သန်အောင် အနိုင်ရရှိခဲ့ပါက ဂုဏ်ပြုဆုကြေးများ ပေးမည်လို့

ကြေငြာ လိုက်တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်သာ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ပါက ယူနိုက်တက် ကစားသမား တွေဟာ ဆုကြေး ပေါင် ၄ သန်းထိ ရရှိမှာဖြစ်ပါတယ်။

ကစားသမား တစ်ဦးစီဟာ ပျမ်းမျှပေါင် ၇၅၀၀၀ နီးပါး ရဖို့ရှိပြီး ပေါ့ဘာလိုအဓိက ကစားသမားတွေကတော့ သိန်းဂဏန်း နီးပါးအထိ ဆုကြေးရသွားဖို့ရှိပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ပြိုင်ပွဲတွေ ကစားခဲ့ တာကြောင့် အဲဒီအတွက် ရုပ်သံ ထုတ်လွှင့်ခ အဖြစ်

ပေါင်သန်း ၉၀ အထိရမှာ ဖြစ်ပြီး တကယ်လို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ရင် အခုထက် ပိုများတဲ့ ပမာဏ ရဖို့ရှိ နေပါတယ်