Spots news

ယူနိုက်တက် နည်းပြဆိုးလ်ရှားနဲ့ အဆက်အသွယ်ရှိနေဆဲဖြစ်တဲ့ စီရော်နယ်ဒို

Unicode Version

ဂျုဗင်တပ် ကနေ ထွက်ခွာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ စီရော်နယ်ဒိုနဲ့ အမြဲ အဆက်အသွယ် ရှိနေဆဲ ဖြစ်တယ်လို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။‌

စီရော်နယ်ဒို နဲ့ ဂျုဗင်တပ် အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားနဲ့ ဂျူဗင်တပ် နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုက တိုးတက်ခြင်း မရှိသေးပဲ ဖြစ်နေပါတယ်။

စီရော်နယ်ဒိုကို ခေါ်ယူဖို့ အသင်းဟောင်း ယူနိုက်တက် အပါအဝင် ပီအက်စ်ဂျီနဲ့ ဥရောပ ကလပ်အသင်းကြီး အချို့က စိတ်ဝင်စား နေကြတာပါ။

အသင်းရဲ့ဘဏ္ဍာရေး အခြေအနေ တိုးတက်လာခဲ့မယ်ဆိုရင် စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ တွန့်ဆုတ်မှာ မဟုတ်ဘူးလို့လည်း ယူနိုက်တက် အသင်း တာဝန်ရှိသူတွေက ဆိုထားပါတယ်။

ဂျူဗင်တပ်နဲ့ စာချုပ်ကလည်း ကုန်ဆုံးတော့မှာဖြစ်တာ‌ကြောင့် ကစားသမားရဲ့ပြောင်းရွှေ့ကြေးဟာ နည်းပါးသွားဖို့ ရှိနေပြီး

စီရော်နယ်ဒိုရဲ့ ကြီးမားတဲ့ ပုံရိပ်ဆွဲဆောင်မှုကြောင့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ တက်လာနိုင်ဖွယ် ရှိနေပါတယ်။

စီရော်နယ်‌ဒိုဟာ အသက်၃၆နှစ် အရွယ်ရှိပြီဖြစ်ပေမယ့် ဂိုးသွင်းနှုန်းကတော့ အခုအချိန်ထိ ကျဆင်းသွားခဲ့ခြင်း မရှိဘဲ ဒီရာသီ ကလပ်နဲ့

နိုင်ငံအသင်း အတွက် ၅၂ပွဲ ပါဝင်ကစားပြီး ၃၉ဂိုး သွင်းယူထားသလို ယခုရာသီ စီရီးအေ ဂိုးအများဆုံး သွင်းသူဆုကိုလည်း ရရှိထားပါတယ်။

ပရီးမီးယားလိဂ် ကနေ ထွက်ပေါ်ခဲ့တဲ့ တစ်ယောက် တည်းသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင်ဖြစ်တဲ့ စီရော်နယ်ဒိုအပေါ် ယူနိုက်တက် ပရိသတ်တွေ ကလည်း သံယောစဉ် ကြီးမားနေကြဆဲ ပဲဖြစ်ပါတယ်။