Spots news

‌ဒီကလန်ရိုက်ကို ပြန်လည်ကမ်းလှမ်းဖို့ ကြိူးပမ်းမယ့် နည်းပြတူချယ်ရဲ့ ချဲလ်ဆီး

Unicode Version

နည်းပြ သောမက် တူချယ်ရဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်ဖို့ လူအင်အား ဖြည့်တင်းဖို့ ပြင်ဆင်‌ နေတာ ဖြစ်ပြီး ဝက်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလျက် ရှိနေပါတယ်။ ။

ချဲလ်ဆီး မန်နေဂျာဟောင်း လမ်းပတ်ဟာ ရိုက်ကို ခေါ်ယူဖို့ ဦးစားပေး ကိစ္စအဖြစ် ရွေးချယ်ခဲ့ ပေမယ့် ဝက်ဟမ်းဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ထိ တောင်းခံရာက အပြောင်းအရွှေ့ ဖြစ်ဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။ လာမယ့် နွေမှာတော့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၉၀ ထိ မြင့်တက်သွားဖို့ ရှိနေပါတယ်။

ရိုက်ဟာလဲ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တဲ့ ချဲလ်ဆီး အသင်းကို ပြောင်းရွေ့ဖို့ စိတ်ဝင်စားနေသလို တူချယ် ကိုယ်တိုင်ကလည်း ရိုက်ကို နှစ်သက်သူဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ချဲလ်ဆီး အကယ်ဒမီထွက်ဟောင်းကို ခေါ်ယူပေးဖို့ ဒါရိုက်တာ မာရီနာကို ထောက်ခံပါခဲ့တယ်။

ရိုက် ကိုယ်တိုင်ကလည်း ယူနိုက်တက်၊ မန်စီးတီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံထားရပေမယ့် သူငယ်ချင်းတွေရှိနေတဲ့ ချဲလ်ဆီးကို ပြောင်းဖို့ကိုပဲ ပိုမို အလေးပေး နေပါတယ်။ ဝက်ဟမ်းကနေ သူထွက်ခွာဖြစ်ခဲ့ရင် ရွေးချယ်မယ့် ကလပ်က ချဲလ်ဆီး ဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။

ချဲလ်ဆီးဟာ နွေရာသီမှာ အထောင်တိုက်စစ်နေရာအတွက် ဦးစားပေး ကြိုးစားမှာ ဖြစ်ပါတယ် ။ အဲ့အတွက် အောင်မြင်ပြီးရင်တော့ ရိုက်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကာ အင်္ဂလန်ကွင်းလယ်လူအတွက် ပေးရမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ကာမိဖို့ တိုက်စစ်မှူး အေဘရာဟမ်ကို အလိုက်ပေး သွားဖွယ်ရှိတယ်လို့ သတင်းများက ဆိုပါတယ်။

Zawgyi Version

နည္းျပ ေသာမက္ တူခ်ယ္ရဲ႕ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ ဆုဖလားကို စိန္ေခၚဖို႔ လူအင္အား ျဖည့္တင္းဖို႔ ျပင္ဆင္‌ ေနတာ ျဖစ္ၿပီး ဝက္ဟမ္းအသင္း ကြင္းလယ္လူ ဒီကလန္ရိုက္ကို ေခၚယူဖို႔ ျပန္လည္ စိတ္ဝင္စားလ်က္ ရွိေနပါတယ္။ ။

ခ်ဲလ္ဆီး မန္ေနဂ်ာေဟာင္း လမ္းပတ္ဟာ ရိုက္ကို ေခၚယူဖို႔ ဦးစားေပး ကိစၥအျဖစ္ ေ႐ြးခ်ယ္ခဲ့ ေပမယ့္ ဝက္ဟမ္းဘက္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၇၀ ထိ ေတာင္းခံရာက အေျပာင္းအေ႐ႊ႕ ျဖစ္ဖို႔ ခက္ခဲခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ ေႏြမွာေတာ့ ေျပာင္းေ႐ႊ႕ေၾကးက ေပါင္ သန္း ၉၀ ထိ ျမင့္တက္သြားဖို႔ ရွိေနပါတယ္။

ရိုက္ဟာလဲ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိခဲ့တဲ့ ခ်ဲလ္ဆီး အသင္းကို ေျပာင္းေ႐ြ႕ဖို႔ စိတ္ဝင္စားေနသလို တူခ်ယ္ ကိုယ္တိုင္ကလည္း ရိုက္ကို ႏွစ္သက္သူျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ခ်ဲလ္ဆီး အကယ္ဒမီထြက္ေဟာင္းကို ေခၚယူေပးဖို႔ ဒါရိုက္တာ မာရီနာကို ေထာက္ခံပါခဲ့တယ္။

ရိုက္ ကိုယ္တိုင္ကလည္း ယူနိုက္တက္၊ မန္စီးတီးအသင္းေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံထားရေပမယ့္ သူငယ္ခ်င္းေတြရွိေနတဲ့ ခ်ဲလ္ဆီးကို ေျပာင္းဖို႔ကိုပဲ ပိုမို အေလးေပး ေနပါတယ္။ ဝက္ဟမ္းကေန သူထြက္ခြာျဖစ္ခဲ့ရင္ ေ႐ြးခ်ယ္မယ့္ ကလပ္က ခ်ဲလ္ဆီး ျဖစ္တယ္လို႔ သတင္းမ်ားက ဆိုပါတယ္။

ခ်ဲလ္ဆီးဟာ ေႏြရာသီမွာ အေထာင္တိုက္စစ္ေနရာအတြက္ ဦးစားေပး ႀကိဳးစားမွာ ျဖစ္ပါတယ္ ။ အဲ့အတြက္ ေအာင္ျမင္ၿပီးရင္ေတာ့ ရိုက္ကို ေခၚယူဖို႔ ႀကိဳးစားမွာျဖစ္ကာ အဂၤလန္ကြင္းလယ္လူအတြက္ ေပးရမယ့္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ကာမိဖို႔ တိုက္စစ္မႉး ေအဘရာဟမ္ကို အလိုက္ေပး သြားဖြယ္ရွိတယ္လို႔ သတင္းမ်ားက ဆိုပါတယ္။