Spots news

မန်ယူကိုပြောင်းရွေ့ဖို့ ဟယ်ရီကိန်းကို တိုက်တွန်းလိုက်တဲ့ ဘာဘာတော့ဗ်

Unicode Version

အသင်းလိုက် ဆုဖလား အောင်မြင်မှု ရယူလိုတဲ့အတွက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ရဖို့ တရားဝင် တောင်းဆိုမှူ ပြုလုပ်ထားတဲ့ ‌စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို

ခေါ်ယူလို တဲ့ အသင်းတွေ ထဲမှာတော့ ထိပ်သီး အသင်းများ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ပီအက်စ်ဂျီ တို့ ပါဝင်လျက် ရှိနေပါတယ်။

စပါးအတွက် ပြိုင်ပွဲစုံ ၂၂၀ ဂိုးသွင်းထားတဲ့ ဟယ်ရီကိန်းဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ လီဗိုင်းနဲ့ ဆွေးနွေး သွားမယ်လို့ တရားဝင်ပြောကြားခဲ့ ပြီးတဲ့နောက် ကလပ်ကို စွန့်ခွာဖို့ သေချာ သလောက် ရှိနေပါတယ်။

ဒီလိုအချိန်မှာပဲ စပါးကနေ မန်ယူကို ပြောင်းရွှေ့ဖူးတဲ့ ဘူလ်ဂေးရီးယား တိုက်စစ်မှူး ဘာဘာတော့ဗ်က သူ လန်ဒန်ကနေ စွန့်ဖွာဖို့ ဆုံးဖြတ်စဉ် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ တွေကို ပြောပြပြီး ကိန်းကို အကြံပေးစကား ပြောကြား လိုက်ပါတယ်။

အသက် ၄၀ အရွယ် ဘာဘာတော့ဗ်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က ယခုလက်ရှိ ကိန်း ကြုံနေရသလိုမျိုး စပါးက ထွက်ခွာဖို့ စီစဉ်ခဲ့ပြီး မန်ချက်စတာအခြေစိုက် မန်ယူ အသင်းကို

ပြောင်းရွှေ့ခဲ့ကာ ပရီးမီးယားလိဂ် ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလားနဲ့ လိဂ်ဖလား ၁ ကြိမ်စီရခဲ့သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကိုလည်း ၁ ကြိမ်စီ ရယူနိုင်ခဲ့ ပါတယ်။

ဘာဘာတော့ဗ်က “ အခု ကိန်း ကြုံတွေ့နေရတာ ကျွန်တော် ကြုံတွေ့နေ တုန်းကနဲ့ အတူတူပါပဲ ၊ ကိန်း ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် ကျွန်တော် နားလည်တယ်။ ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းခဲ့လို့ နောင်တ မရခဲ့ပါဘူး ”

မန်ယူနဲ့အတူ အောင်မြင်မှုတွေ ရခဲ့သလို ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်လည်း ဖြစ်ခဲ့တယ်။ စပါးပရိသတ်တွေကတော့ ကိန်းကို ချစ်မြတ်နိုးပြီး ဂန္ထဝင် တစ်ယောက်လို့ သတ်မှတ် ထားတာပါ။

ဘောလုံး သမားတွေက မတူကွဲပြားတဲ့ သူတွေဖြစ်ပြီး သူတို့တွေမှာ ခြားနားတဲ့ အမြင်တွေရှိကြပါတယ် ” ဟု ဘာဘာတော့ဗ်က ပြောကြား လိုက်ပါတယ်။