Spots news

ဆာအဲလက်စ်ဖာဂူဆန်က သူနဲ့ လုရှောကို အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ မက်ဂွိုင်းယားပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် နဲ့ အဂ်လန် အသင်းရဲ့ ဗဟို ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကတော့ ယူနိုက်တက် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ သူ နဲ့ အသင်းဖော် လုရှော ကို ပို‌မိုခြေစွမ်းပြသ နိုင်ဖို့ အကြံ ကောင်းတွေ ပေးခဲ့တယ် လို့ ပြောဆို လိုက်ပါတယ်။

လက်ရှိအချိန်မှာ မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟာ ဒဏ်ရာ ပြသနာ ကြောင့် ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဗီလာရီးရဲလ် အသင်းနဲ့ ယူရိုပါလိဂ် ဖိုင်နယ်ကို လွဲချော်မယ်လို့ ကောလဟာလ သတင်းများ ထွက်ခဲ့ပေမယ့် အသင်းရဲ့ လူစာရင်းမှာ ရှိနေခဲ့ပြီး ဒဏ်ရာမှ သက်သာပျောက်ကင်း နေတယ်လို့ သတင်းများက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားဖို့အတွက် မက်ဂွိုင်းယား အပါအဝင် လူစုံတက်စုံနဲ့ ပိုလန် နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီဖြစ်ပြီး ဂန္ဓဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ပါ မန်ချက်စတာ ယူနိုက်တက် ကစားသမား များနဲ့ အတူ လေယဉ် တစ်စီးတည်း လိုက်ပါ သွားခဲ့ပါတယ်။

မက်ဂွိုင်းယားက “ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ကျွန်တော်နဲ့ လုရှော တို့ ဆာအဲလက်စ် နဲ့ စကားပြော ဖြစ်ကြတယ် ။ လုရှော ရဲ့ ခြေစွမ်းတိုးတက် လာမှုအပေါ် ဆက်လက် ကြိုးစားဖို့ တိုက်တွန်းခဲ့တယ်။ ပွဲတစ်ပွဲကို ရင်ဆိုင်ဖို့ အာရုံစိုက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ ပါတယ် ”

“ သူ ကျွန်တော်တို့ အနားက ထွက်မသွားခင် ကျွန်တော် နဲ့ လုရှောကို သေချာကြည့်ပြီးတော့ သေချာအာရုံစိုက် ကစားပါ ဆိုပြီး ပြောခဲ့ပါတယ် ”ဟု မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ပါက ယူနိုက်တက် ကစားသမား တွေဟာ ဆုကြေး ပေါင် ၄ သန်းထိ ရရှိမှာဖြစ်ပါတယ်။