Spots news

အသင်းပြောင်းချင်နေတဲ့ ဇာဟာကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ စပါးနဲ့ အဲဗာတန်

Unicode Version

ခရစတယ်ပဲလေ့စ် အသင်းရဲ့ တိုက်စစ်ကစားသမား ဇာဟာ ဟာ ယခု လာမည့်နွေရာသီ အပြောင်းအရွေ့မှာ အသင်းပြောင်းရွေ့ဖို့ စိတ်အား ထက်သန်လျက်ရှိနေပြီး အသင်းကြီး တစ်သင်းမှ ‌သူ့အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းချက်မျိုး ရှိလာပါက ပြောင်းရွေ့ဖို့ ပြင်ဆင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဇာဟာ ဟာခြေစွမ်းကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဟယ်ရီကိန်းထွက်ခွာဖို့ ပြင်ဆင်နေလို့ တိုက်စစ်အင်အား ဖြည့်တင်းမှု ပြုလုပ်ဖ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ အဲဗာတန် အသင်းတို့ဟာ ဇာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

အမှန်တကယ်က ဇာဟာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းများ အပြင် ဥရောပ ထိပ်သီး အသင်းများကပါ စိတ်ဝင်းစားနေတာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ခရစ်စတယ်ပဲလေစ့် အသင်းက သူတို့ရဲ့ အဓိက တိုက်စစ်မှုးကို ရောင်းချခြင်းမရှိလို့ ဇာဟာ တစ်ယောက် ပဲလေ့မှာ အချိန်တွေ ကြာခဲ့ရပါတယ်။

အဲဗာတန် အသင်းဟာ ဇာဟာကို ခေါ်ယူဖို့ ယခင်ကတည်းက ကြိုးစားနေခဲ့တာပါ။ ပြောင်းရွေ့ကြေး ပေါင် သန်း ၇၀ အပြင် ကစားသမား နှစ်ယောက်ကိုပါ အလိုက်ပေးခဲ့ပေမယ့် ပဲလေ့ ဘက်က ငြင်းပယ်ခဲ့ပါတယ်။ ယခုအခါမှာတော့ အသင်းပြောင်းရွေ့ ချင်နေတဲ့ ဇာဟာကို အဲဗာတန်ဘက်က ပေါင်သန်း ၄၀ ခန့်ဖြင့် ပြန်လည် ကမ်းလှမ်း သွားဖွယ် ရှိပါတယ်။

တော့တင်ဟမ်ဟော့ စပါး အသင်းကတော့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက အသင်းမှ ထွက်ခွာခွင့် တောင်းဆိုထားသလို အငှားခေါ်ယူထားတဲ့ တောင်ပံကစားသမား ဂါရတ်ဘေးကလဲ စာချုပ်ပြည့်သွားပြီ ဖြစ်လို့ ဇာဟာကို အစားထိုးဖို့ ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။

Zawgyi Version

ခရစတယ္ပဲေလ့စ္ အသင္းရဲ႕ တိုက္စစ္ကစားသမား ဇာဟာ ဟာ ယခု လာမည့္ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းေျပာင္းေ႐ြ႕ဖို႔ စိတ္အား ထက္သန္လ်က္ရွိေနၿပီး အသင္းႀကီး တစ္သင္းမွ ‌သူ႕အတြက္ ထိုက္သင့္တဲ့ ကမ္းလွမ္းခ်က္မ်ိဳး ရွိလာပါက ေျပာင္းေ႐ြ႕ဖို႔ ျပင္ဆင္သြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဇာဟာ ဟာေျခစြမ္းေကာင္းမြန္တဲ့ ကစားသမား တစ္ဦး ျဖစ္ၿပီး ဟယ္ရီကိန္းထြက္ခြာဖို႔ ျပင္ဆင္ေနလို႔ တိုက္စစ္အင္အား ျဖည့္တင္းမႈ ျပဳလုပ္ဖ ေတာ့တင္ဟမ္ ေဟာ့စပါး အသင္းနဲ႕ အဲဗာတန္ အသင္းတို႔ဟာ ဇာဟာကို ေခၚယူဖို႔ စိတ္ဝင္စားလ်က္ ရွိေနပါတယ္။

အမွန္တကယ္က ဇာဟာကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ အသင္းမ်ား အျပင္ ဥေရာပ ထိပ္သီး အသင္းမ်ားကပါ စိတ္ဝင္းစားေနတာ ၾကာခဲ့ၿပီ ျဖစ္ေပမယ့္ ခရစ္စတယ္ပဲေလစ့္ အသင္းက သူတို႔ရဲ႕ အဓိက တိုက္စစ္မႈးကို ေရာင္းခ်ျခင္းမရွိလို႔ ဇာဟာ တစ္ေယာက္ ပဲေလ့မွာ အခ်ိန္ေတြ ၾကာခဲ့ရပါတယ္။

အဲဗာတန္ အသင္းဟာ ဇာဟာကို ေခၚယူဖို႔ ယခင္ကတည္းက ႀကိဳးစားေနခဲ့တာပါ။ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း ၇၀ အျပင္ ကစားသမား ႏွစ္ေယာက္ကိုပါ အလိုက္ေပးခဲ့ေပမယ့္ ပဲေလ့ ဘက္က ျငင္းပယ္ခဲ့ပါတယ္။ ယခုအခါမွာေတာ့ အသင္းေျပာင္းေ႐ြ႕ ခ်င္ေနတဲ့ ဇာဟာကို အဲဗာတန္ဘက္က ေပါင္သန္း ၄၀ ခန႔္ျဖင့္ ျပန္လည္ ကမ္းလွမ္း သြားဖြယ္ ရွိပါတယ္။

ေတာ့တင္ဟမ္ေဟာ့ စပါး အသင္းကေတာ့ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းက အသင္းမွ ထြက္ခြာခြင့္ ေတာင္းဆိုထားသလို အငွားေခၚယူထားတဲ့ ေတာင္ပံကစားသမား ဂါရတ္ေဘးကလဲ စာခ်ဳပ္ျပည့္သြားၿပီ ျဖစ္လို႔ ဇာဟာကို အစားထိုးဖို႔ ပစ္မွတ္ထားေနတာပဲ ျဖစ္ပါတယ္။