Spots news

အမ်ဘာပေ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမည်ဟု အသင်းဥက္ကဌ အတည်ပြု

Unicode Version

ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခီလိုင်ဖီ ကတော့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အပြောင်းအရွေ့သတင်းများ ထွက်ပေါ်နေတဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းမှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ်။

လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲမက်ဒရစ် အသင်းနဲ့ အပြောင်းအရွေ့ ထွက်ပေါ်လျက်ရှိနေပြီး ကစားသမားကလဲ စိန်ခေါ်မှု အသစ်တွေကို နှစ်သက်သူဖြစ်ပြီး လိဂ်ပြောင်းရွေ့ ကစားလိုကြောင်း ပြောဆိုထား သူဖြစ်ပါတယ်။

အယ်လ်ခီလိုင်ဖီကတော့ အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသ၍ ဆက်ရှိနေမှာ ဖြစ်ပြီး ကြားထဲမှာ ရောင်းချမှု မပြုလုပ်ကြောင်းပြော ကြားသွားပါတယ်။ ကစားသမား နဲ့ စာချုပ်သစ် ချုပ်ဆိုမှု အဆင်ပြေလာမည်ဟုလဲ ယုံကြည်နေပါတယ်။

အယ်လ်ခီလိုင်ဖီက “ အမ်ဘာပေက လာမည့်ရာသီမှာလဲ ပီအက်စ်ဂျီ အသင်းမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ သူက ပါရီမြို့သား ပြင်သစ်လက်ရွေးစင် ကစားသမားဖြစ်လို့ သူက

ဒီမှာ ပျော်နေပါတယ် ။ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ အတိုင်း ပီအက်စ်ဂျီမှာ ဆက်ရှိမှာ ဖြစ်သလို စာချုပ်သစ်ကလဲ အဆင်ပြေသွားပါလိမ့်မယ် ” ဟုပြောဆိုခဲ့ပါတယ်။

ဘာပေနဲ့ ပီအက်စ်ဂျီတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမည့်ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ကစားသမားနဲ့ စာချုပ်သစ်vဆွေးနွေးမှု မပြုလုပ်ရသေးပါဘူး။

ပြင်သစ်လီဂူး ဂိုးသွင်း ဘုရင်ဆုကို ၃ နှစ်ဆက်ရယူနိုင်ခဲ့တဲ့ ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွေ့ဖို့ သတင်းထွက်နေတာပဲ ဖြစ်ပါတယ်။