Spots news

ချန်ပီယံလိဂ်ဖလားယူဖို့ မန်စီတီး အသင်းသားတွေ အဆင့်သင့်ဖြစ်နေပြီလို့ ဂွာဒီယိုလာ ပြော

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းနည်းပြ ဂက်ဂွာဒီယိုလာကတော့ လာမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို

အနိုင်ယူပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ သမိုင်းသစ်ကို ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းများ ပြသပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို မန်ချက်စတာ စီးတီး အသင်းရဲ့ သမိုင်းတစ်လျှောက်

ပထမဆုံး အနေနဲ့ ချန်ပီယံ လိဂ် ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းပိုင်ရှင်ကလဲ ချန်ပီယံလိဂ် ဆုဖလားကို အဓိက လိုချင်သူလဲ ဖြစ်ပါတယ်။

နည်းပြ ဂက်ဂွာဒီယိုလာက “ ကျွန်တော့်ရဲ့ ကစားသမားတွေ အကုန်လုံး တက်တက်ကြွကြွနဲ့ အဆင်သင့် ဖြစ်နေပြပြီ ။

သူတို့ရဲ့ စည်းလုံးမှုနဲ့ နားလည်မှုကို သိရှိပြီးသားဖြစ်လို့ ကစားပုံ အပြောင်းအလဲ လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး”

“လက်ရှိအချိန်‌ထိတော့ ဖိုင်နယ်အတွက် ပွဲထွက် လူစာရင်း ၁၁ ယောက်ကိုတောင် ကျွန်တော်မရွေးရသေးဘူး။ ဒါပေမယ့် ဘယ်သူပဲ ကစားကစား အကုန်လုံးက ကောင်းနေမှာပါ။

ကျွန်တော်တို့က ဖိုင်နယ်ကို ရောက်ရုံတင် မဟုတ်ဘူး ဖလား ရယူဖို့အထိပါ ရည်မှန်းထားပြီးသား ဖြစ်လို့ ကျွန်တော်တို့ အသင့်ဖြစ်နေပြီ ” ဟု ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်း နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃၀ ရက်နေ့မှာ ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့မှာ ရှိတဲ့

Estadio do Dragao ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် စပိန်နိုင်ငံသား အန်တိုနီယိုက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။