Spots news

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက် ဘယ်လို ပွဲထွက်လာမလဲ

Unicode Version

ယနေ့ည တစ်နာရီခွဲ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဗီလာရီးရဲလ် အသင်းတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ ရေပန်းအစားဆုံး နည်းပြ ဆိုလ်းရှားနဲ့

ယူရိုပါလိဂ် ဖလား အတွေ့အကြုံ ရင့်လွန်းလှတဲ့ အူနိုင်း အမ်မရီတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုမှာ ဘယ်သူက အောင်ပွဲခံသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။

သတင်းတွေအရ မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားရဲ့ ဒဏ်ရာ အခြေအနေသက်သာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ မနေ့ကပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ မက်ဂွိုင်းယား တစ်ယောက် ကွင်းဘေး အရံခုံမှာ ထိုင်လျက် ရှိနေခဲ့ပါတယ်။

မက်ဂွိုင်းယား မပါဝင်နိုင်ရင် မန်ယူနောက်တန်းဟာ အားနည်းလာနိုင်ပြီး ဗီလာတိုက်စစ်ကို ခံနိုင်ပါ့မလား စိုးရိမ်စရာ ရှိလာနိုင်ပါတယ်။ ဒေးဗစ်ဒီဂီယာ နဲ့ ဟန်ဒါဆန် နှစ်ယောက်မှာ ဒေးဗစ်ဒီဂီယာသာ ပွဲထွက်လာ

နိုင်ချေရှိပါတယ်။ သတင်းမီဒီယာ များကတော့ ယူရိုပါလိဂ်ဖိုင်နယ်မှာ ပွဲထွက်ခွင့်မရတဲ့ ဂိုးသမားဟာ ယူနိုက်တက်ကို စွန့်ခွာနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်များ ရှိနေပါတယ်။

မက်ဂွိုင်းယား မပါနိုင်တဲ့ မန်ယူနောက်တန်းမှာ လင်ဒီလော့ဗ် နဲ့အတူ တွမ်ဇီဘီ ပွဲထွက်လာဖွယ်ရှိပါတယ်။ တွမ်ဇီဘီဟာ မန်ယူရဲ့ နောက်ဆုံး လေးပွဲမှာ သုံးပွဲအထိ ပါဝင်ခွင့် ရရှိထား ခဲ့ပါတယ်။ အဲရစ်ဘိုင်လီကို အနားပေးပြီး ဆိုလ်းရှားဟာ တွမ်ဇီဘီကို အသုံးပြုလာဖွယ်ရှိပါတယ်။

အစွန် နှစ်ဖက်မှာတော့ ဝမ်ဘစ်ဆာကာနဲ့ လုရှော တို့ သေချာပေါက် ပွဲထွက်လာမှာ ဖြစ်ပါတယ်။ တော်မီနေး ၊ ဖရတ် တို့ဟာ ဘရူနို ဖာနန်ဒက်စ် နဲ့ အတူ ကွင်းလယ်မှာ ရှိနေမှာပါ။

ဆိုလ်းရှား အနေနဲ့ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ် နှစ်ယောက်လုံး အသုံးပြုမယ်ဆိုရင် ရက်ဖို့ဒ် သို့မဟုတ် ဂရင်းဝုဒ်ကို အနားပေးလာနိုင်ပါတယ်။

အသင်းရဲ့ ညာတောင်ပံ တိုက်စစ်မှာ ဂရင်းဝုဒ် က ရက်ဖို့ဒ်ထက် ပိုပြီး နေရာရခဲ့တာ ဖြစ်လို့ဂရင်းဝုဒ် သာ ပါဝင်လာနိုင်ပြီး ပေါ့ဘာက ဘယ်တောင်ပံမှာ ပွဲထွက်လာဖွယ် ရာရှိပါတယ်။

အထောင် တိုက်စစ်မှာတော့ မကြာသေးမီကာမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ပရိတ်သတ်အချစ်တော် ကာဗာနီ ပါဝင်လာမယ်ဆိုတာတော့ အသေချာပဲ ဖြစ်ပါတယ်။

အကယ်၍ မက်ဂွိုင်းယား ထရိန်နင် မဆင်းပဲ အရံခုံမှာ ထိုင်နေတာက နည်းပြ ဆိုးလ်ရှားနဲ့ အသင်းနဲ့အတူ လိုက်ပါသွားတဲ့ ဆာအဲလက်စ် ဖာဂူဆန်တို့ရဲ့ ဗျူဟာ ဆိုရင်တော့ ယူနိုက်တက် နောက်တန်းမှာ မက်ဂွိုင်းယား ၊ လင်ဒီလော့ဗ် တို့ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။