Spots news

တပည့်ဟောင်းဟာဇက်ကို ရိုးမားကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မော်ရင်ဟို

Unicode Version

အီတလီ စီးရီးအေ ကလပ် ရိုးမားအသင်းရဲ့ နည်းပြသစ် စပါယ်ရှယ်ဝမ်း မော်ရင်ဟိုကတော့ အသင်းကို ရောက်ပြီး

မကြာမီ မှာပဲ ကစားသမားသစ် ခေါ်ယူပြီး အသင်းကို ပြန်လည် တည်ဆောက်ဖို့ တာဆူလျက် ရှိနေပါတယ်။

အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က မာတာ ၊ မာတစ် ၊ ဒီဂီယာ တို့ကို ခေါ်ယူချင်နေသလို ယခုအခါမှာလဲ ရီးရဲလ် မက်ဒရစ်က ရောင်းချတော့မယ့်

တိုက်စစ် ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ပြင်ဆင်လျက် ရှိတယ်လို့ အီတလီ အခြေစိုက် သတင်းစာများက ဆိုပါတယ်။

လတ်တလော သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာ မကြာခန ရနေတဲ့ ဟာဇက်ကို အတော်လေး စိတ်ပျက်နေပြီး

နွေရာသီ အပြောင်းအရွေ့မှာ သင့်တော်တဲ့ ကမ်းလှမ်းမှူသာ ရရှိခဲ့ပါက ဟာဇက်ကို ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဟာဇက်ဟာလဲ ဆရာဟောင်း နည်းပြမော်ရင်ဟို လက်အောက်မှာ နောက်ထပ် ကစားချင်ကြောင်းပြောဆိုထားပြီး နည်းပြမော်ရင်ဟိုဟာ

ဟာဇက်ကို ရိုးမား အသင်းထံ ပြောင်းရွေ့ကစားဖို့ စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း မက်ဒရစ် သတင်းစာများက ရေးသား ဖော်ပြထားပါတယ်။

နည်းပြ မော်ရင်ဟိုဟာ တပည့်ဟောင်း ဟာဇက်ထံသို့ ဖုန်းနဲ့ ဆက်သွယ်မှုများ ပြုလုပ်ပြီး စည်းရုံးမှုများ ပြုလုပ်နေသလို ရိုးမားအသင်းကလဲ

ဟာဇက်ရဲ့ ပြောင်းရွေ့ကြေး ပေါင် သန်း ၄၀ ကျော်အတွက် ရီးရဲလ် မက်ဒရစ် နဲ့ ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရပါတယ်။

Zawgyi Version

အီတလီ စီးရီးေအ ကလပ္ ရိုးမားအသင္းရဲ႕ နည္းျပသစ္ စပါယ္ရွယ္ဝမ္း ေမာ္ရင္ဟိုကေတာ့ အသင္းကို ေရာက္ၿပီး မၾကာမီ မွာပဲ ကစားသမားသစ္ ေခၚယူၿပီး အသင္းကို ျပန္လည္ တည္ေဆာက္ဖို႔ တာဆူလ်က္ရွိေနပါတယ္။

အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္က မာတာ ၊ မာတစ္ ၊ ဒီဂီယာတို႔ကို ေခၚယူခ်င္ေနသလို ယခုအခါမွာလဲ ရီးရဲလ္မက္ဒရစ္က ေရာင္းခ်ေတာ့မယ့္ တိုက္စစ္ကစားသမား အီဒင္ဟာဇက္ကို ေခၚယူဖို႔ ျပင္ဆင္လ်က္ ရွိတယ္လို႔ အီတလီအေျခစိုက္ သတင္းစာမ်ားက ဆိုပါတယ္။

လတ္တေလာ သတင္းေတြအရ ရီးရဲလ္မက္ဒရစ္ဟာ ဒဏ္ရာမၾကာခန ရေနတဲ့ ဟာဇက္ကို အေတာ္ေလး စိတ္ပ်က္ေနၿပီး ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႉသာ ရရွိခဲ့ပါက ဟာဇက္ကို ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

ဟာဇက္ဟာလဲ ဆရာေဟာင္း နည္းျပေမာ္ရင္ဟို လက္ေအာက္မွာ ေနာက္ထပ္ကစားခ်င္ေၾကာင္းေျပာဆိုထားၿပီး နည္းျပေမာ္ရင္ဟိုဟာ ဟာဇက္ကို ရိုးမားအသင္းထံ ေျပာင္းေ႐ြ႕ကစားဖို႔ စည္း႐ုံးမႈေတြ ျပဳလုပ္ေနေၾကာင္း မက္ဒရစ္ သတင္းစာမ်ားက ေရးသားေဖာ္ျပထားပါတယ္။

နည္းျပေမာ္ရင္ဟိုဟာ တပည့္ေဟာင္း ဟာဇက္ထံသို႔ ဖုန္းနဲ႕ ဆက္သြယ္မႈမ်ား ျပဳလုပ္ၿပီး စည္း႐ုံးမႈမ်ား ျပဳလုပ္ေနသလို ရိုးမားအသင္းကလဲ ဟာဇက္ရဲ႕ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း ၄၀ ေက်ာ္အတြက္ ရီးရဲလ္မက္ဒရစ္ နဲ႕ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနၿပီဟု သိရပါတယ္။