Unicode Version
ဂျာမန် ဘွန်ဒက်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဒေါ့မွန် အသင်းရဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းက ဘိုင်ယန် တိုက်စစ်မှူး လီဝမ်ဒေါစကီး ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။
ဟာလန်းဟာ ယခုနှစ် ဘောလုံးရာသီတွင် ဘွန်ဒက်လီဂါ ၂၈ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းထား နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဘွန်ဒက်လီဂါ ဂိုးသွင်းအများဆုံး ဆုရှင် ဇယားတွင်
ဘိုင်ယန်မှ လီဝမ်ဒေါစကီး ၄၁ ဂိုး နှင့် ဖရန့်ဖွတ်မှ အန်ဒရေဆေးဗား ၂၈ ဂိုး တို့၏နောက် တတိယနေရာ တွင်သာ ဟာလန်းက ရပ်တည်နေ ခဲ့ပါတယ်။
ယခုနှစ် ဘောလုံး ရာသီမှာ ၄၁ ဂိုးအထိ သွင်းယူပြီး ဂျာမန် ဘွန်ဒက်လီဂါ ဘောလုံးရာသီ တစ်ခုအတွင်း သွင်းဂိုးအများဆုံး စံချိန်ရှင် ဂတ်မူလာ ကို
ကျော်ဖြတ်ခဲ့တဲ့ လီဝမ်ဒေါစကီး ကို ကျော်ဖြတ် ပြီး လူငယ် တိုက်စစ်မှူး ဟာလန်းက ရယူခဲ့လို့ အများစုက အံ့အားသင့်လျက် ရှိနေပါတယ်။
ဟာလန်းဟာ ဘယ်ခြေဖြင့် ၂၄ ဂိုး၊ ညာခြေဖြင့် ၂ ဂိုး၊ ခေါင်းတိုက်ဂိုး ၁ ဂိုး သွင်းယူခဲ့ပြီး အဆိုပါ ဘွန်ဒက်လီဂါ သွင်းဂိုး ၂၇ ဂိုးမှာ ဂိုးဧရိယာ အတွင်းမှ သွင်းယူသည့်ဂိုး တစ်ဂိုးသာ ပါဝင်ခဲ့ပါတယ်။
လီဝမ်ဒေါစကီး နှင့် အန်ဒရေ ဆေးဗားတို့ဟာ ပင်နယ်တီ သွင်းဂိုး ၇ ဂိုးနှင့် ၈ ဂိုးစီ ရှိသော်လည်း ဟာလန်းကမူ ပင်နယ်တီ သွင်းဂိုး ၂ ဂိုးသာ ရှိပါတယ်။