Spots news

ယူနိုက်တက်ရဲ့ ဗိုလ်လုပွဲကို အားပေးဖို့ ပိုလန်အထိ လိုက်ပါလာခဲ့တဲ့ ရွန်းနီတို့ သားအဖ

Unicode Version

ယနေ့ည တစ်နာရီခွဲ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဗီလာရီးရဲလ် အသင်းတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ လူစုံတက်စုံ အပြင် ဂန္ဓဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ပါ

မန်ချက်စတာ ယူနိုက်တက် ကစားသမား များနဲ့ အတူ လေယဉ် တစ်စီးတည်း လိုက်ပါလာ ခဲ့ပြီး လိုအပ်တဲ့ အကြံဉာဏ်များ ပေးနေခဲ့ပါတယ်။

ဆာအဲလက်စ် တင်မကပဲ ဘောလုံးကစားခြင်း ကနေ အနားယူ သွားခဲ့ပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်မှူးကြီး

ဝိန်းရွန်းနီ ကလဲ သူ့ရဲ့ သားကြီး ဖြစ်သူ ကိုင်ရွန်းနီနဲ့ အတူ မန်ယူ အသင်းရဲ့ ဖိုင်နယ်ကို အားပေးဖို့ ပိုလန် ကို လိုက်ပါ လာခဲ့ပါတယ်။

သားအဖ နှစ်ယောက် ရဲ့ ခရီးသည်တင် လေယဉ်ပါ်က ဓာတ်ပုံကို တင်ထားပြီး ‌နောက်ရပ်မည့် မှတ်တိုင် ကတော့ ပိုလန် နိုင်ငံ ဖြစ်ပါတယ် ဆိုပြီး လူမှူ ကွန်ရက်ပေါ်မှာ ဝေမျှ ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်း ပရိတ်သတ်တွေရဲ့ အချစ်တော်ကြီး ကတော့ အသင်းကို သံယောဇဉ်ကြီးမားသူပီပီ ပိုလန်နိုင်ငံ အထိ လိုက်ပါခဲ့ ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း အတွင်းကလဲ ရွန်းနီရဲ့ ဇနီး ကောလင်းက ပိုလန်ကို ရောက်နေပြီ ဖြစ်တဲ့ ရွန်းနီတို့ သားအဖရဲ့ ပုံနဲ့အတူ ဒီသားအဖနှစ်ယောက် ပိုလန်မှာ ပျော်ခဲ့ပါစေ ဆိုပြီး ဆုတောင်းပေး ထားတာကိုလဲ တွေ့ရပါတယ်။