Spots news

အင်တာက ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို နည်းပြဖို့ ရှိနေတဲ့ ကွန်တီ

Unicode Version

အီတလီစီးရီးအေ ချန်ပီယံ အင်တာမီလန် အသင်းရဲ့ နည်းပြချုပ် ကွန်တီဟာ အသင်းနဲ့ ၄၈ နာရီအတွင်း လမ်းခွဲတော့မည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ထွက်‌ခွာတော့မယ့် နည်းပြ ဇီဒန်းရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မှာ ဖြစ်တယ်လို့ အီတလီ အခြေစိုက် သတင်းစာများက ဖော်ပြနေပါတယ်။

လက်ရှိ အချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဇနက်ဒင်း ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားသွားပါတယ်။

တကယ်လို့ ကွန်တီအနေနဲ့ အင်တာအသင်းနဲ့ လမ်းခွဲခဲ့မယ်ဆိုရင်တော့ နည်းပြဇီဒန်းနဲ့ ကျောခိုင်းသွားတဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ကွန်တီကို သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်လာဖွယ် ရှိနေပါတယ်။

ကွန်တီကိုယ်တိုင်ကလည်း သူအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်သွားဖို့အတွက် နီးစပ်ခဲ့ဖူးသေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသလို သူ့ကိုလည်း ရီးယဲလ်အသင်းဘက်ကနေ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။

အင်တာမီလန်အသင်းဟာ ဒီလို အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ကွန်တီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စီးရီးအေရဲ့ နာမည်ကျော် နည်းပြဟောင်းတွေဖြစ်တဲ့ မက်စ်အယ်လီဂရီနဲ့ မာရီဇီယိုဆာရီတို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။