Spots news

ယူရိုပြိုင်ပွဲပြီးရင် ဘောလုံးလိုင်းကနေ ဂေါက်သီးလိုင်းကို ပြောင်းမယ့် ဂါရတ်ဘေးလ်

Unicode Version

စပါးအသင်းမှာ တစ်ကျော့ပြန် လာကစားပြီး ထိုက်သင့်သလောက် ဂိုးတွေ သွင်းပေးနိုင်ခဲ့သလို ဥရောပပြိုင်ပွဲ ဝင်ခွင့်ရအောင်လည်း ကူညီပေးနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ အရွယ်ကောင်းမှာပဲ လိုင်းပြောင်းဖို့ စဉ်းစားနေပါတယ်။

ဝေးလ်လက်ရွေးစင် ကစားသမားလည်း ဖြစ်တဲ့ ဂါရတ်ဘေးလ်က လာမယ့် ယူရို၂၀၂၀ ပြိုင်ပွဲ အပြီးမှာ ဘောလုံး ကစားသမားဘဝက အနားယူပြီး ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမား ဖြစ်လာဖို့ အာရုံစိုက်ချင် နေတယ်လို့ Sportbilbe က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဂါရတ်ဘေးလ်က စောစောစီးစီးပဲ အဆုံးသတ်ချင်နေတယ်လို့ သိရပါတယ်။ အခုနှစ် ဘောလုံးရာသီမှာ ဂါရတ်ဘေးလ်ဟာ နည်းပြဇီဒန်းလက်အောက်မှာ ပွဲမကစားရ သ‌‌‌‌လောက်နီးပါး ရှိနေခဲ့ပြီး

စပါး အသင်းကို အငှားသွားရောက် ကစားခဲ့တဲ့အချိန်မှာ ပြိုင်ပွဲစုံ ၁၆ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပုံမှန် ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ကာယကံရှင်ဖြစ်တဲ့ ကစားသမားဟာ လာမယ့်ရာသီမှာ ရီးရဲလ် အသင်းအတွက် ပါဝင်ကစားလိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

အသက်၃၁နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ရီးရဲလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ အကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်း၁နှစ် ကျော် ကျန်နေပါသေးတယ်။ ဒါပေမယ့် ကစားသမားဖက် ကတော့ စာချုပ်ကို စောစီးစွာ

အဆုံးသတ် ချင်နေတာပါ။ ဂါရတ်ဘေးလ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး ဂေါ့ဖ်ကစားသမား ဘက်ကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဂါရတ်ဘေးလ် ဟာ ဂေါ့ဖ်ရိုက် ရတာကို နှစ်သက်တဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဆန်ဆန် ကစားချင်နေတာကြောင့် ဘောလုံးသမား ဘဝကနေ အနားယူချင် နေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းမှာ တစ်နှစ်ပေါင် ၁၃သန်း လစာ ရရှိနေပေမယ့် ဒီပမာဏရဲ့ တဝက်နဲ့ ဂါရတ်ဘေးလ်ဟာ စာချုပ်ကို အဆုံးသတ်ဖို့ တောင်းဆိုလာဖွယ်ရှိနေပါတယ်။

ဂါရတ်ဘေးလ်ဟာ စပါးအသင်းအတွက် နောက်ဆုံး ကစားပေးခဲ့တ လက်စတာနဲ့ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး အသင်းကို လာမယ့်ရာသီ ဥရောပ ဝင်ခွင့်ရရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။

၂၀၁၃ က စပါး ကနေ ရီးရဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ လာလီဂါဖလား ၂ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၄ကြိမ် အပါအဝင် အောင်မြင်မှု အများအပြားရရှိခဲ့ သူလည်းဖြစ်ပါတယ်။