Spots news

ဖိုင်နယ်မှာ အမှားများခဲ့မှုအပေါ် လူမှုကွန်ရက်မှာ တိုက်ခိုက်ခံနေရတဲ့ မားကပ်ရပ်ရှ်ဖို့ဒ်

Unicode Version

မနေ့ညက ကျင်းပသွားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြပြီး မိနစ် ၉၀ အတွင်းမှာ အချိန်ပို မိိနစ် အတွင်းမှာပါ

အနိုင်အရှုံး မပေါ်သေးတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ဗီလာရီးယဲလ်အသင်းက ပင်နယ်တီ (၁၁)ဂိုး (၁၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ယူရိုပါလိဂ် ဆုဖလားကြီးကို ပထမဆုံးအကြိမ် အဖြစ် ဆွတ်ခူးပိုင်ဆိုင် သွားနိုင်ခဲ့ရပါတယ်။

ယူရိုပါလိဂ် ချန်ပီယံဆုကို တစ်ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းဟာ အခုပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားဆုံး ဖြစ်ခဲ့ရပေမယ့် ဗိုလ်လုပွဲစဉ်မှာ

အားရလောက် စရာကောင်းတဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ကစားသမားတချို့ကလည်း ဒီပွဲမှာ ခြေမပေါ်နိုင်ပဲ ရှိခဲ့ရပါတယ်။

ဒီလို အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖိုဒ့်လည်း ပါဝင်ခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ အသင်းရဲ့တိုက်စစ်မှာ

အားကိုး အားထားရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲရယူသွားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကိုပါ အသုံးမချနိုင်ခဲ့ပဲ လက်လွတ်ခဲ့ရပါသေးတယ်။

ဒါကြောင့် အသင်းက ယူရိုပါလိဂ် ဆုဖလားကြီးနဲ့ လွဲချော်သွားရချိန်မှာ အသင်းပရိသတ် များစွာက ရပ်ရှ်ဖိုဒ့်အပါအဝင် အသင်းမှာ ခြေစွမ်းမပြနိုင်ကြတဲ့ ကစားသမားအားလုံးကို

ပြစ်တင်ဝေဖန်လာခဲ့သလို ကစားသမားတွေရဲ့ လူမှုကွန်ယက် တွေမှာပါ စော်ကားတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

ရပ်ရှ်ဖိုဒ့်က သူရဲ့လူမှုကွန်ယက် ပေါ်မှာဆိုရင် လူမျိုးရေးခွဲခြားတဲ့ စာသားတွေချည်း အနည်းဆုံး (၇၀)နီးပါးလောက်ကို ရှိနေတယ်လို့ တွစ်တာပေါ်ကနေ

ရေးသားဖော်ပြခဲ့သလို အဲ့ဒီလိုစော်ကားမှု တွေက ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတာထက် စိတ်ခံစားချက်ကို ပိုဆိုးသွားစေခဲ့ ရတယ်လို့ ရပ်ရှ်ဖိုဒ့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ရပ်ရှ်ဖိုဒ့်က သူ့ကို ပိုပြီးထိတ်လန့် သွားစေခဲ့တာက သူ့ကို လူမျိုးရေးခွဲခြား တိုက်ခိုက်တဲ့ လူတွေထဲမှာ Profile အစစ်နဲ့ သင်္ချာသင်ကြားနေတဲ့ ဆရာတစ်ယောက်ပါ ပါဝင်လို့နေတာ ဖြစ်ပြီး

ဒီလိုစိတ်အခြေအနေရှိတဲ့ ဆရာတစ်ယောက်က တပည့်တွေကို ဘယ်လိုပညာသင်ကြား ပေးမလဲဆိုတာကို စိုးရိမ်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလည်း သူတို့ကစားသမား တွေအပေါ် လူမျိုးရေးခွဲခြားခြင်း အသားအရောင် ခွဲခြားခြင်းတွေ ပြုလုပ်တာကို လူမှုကွန်ယက် တွေပေါ်မှာ တွေ့ခဲ့မယ်ဆိုရင် Report လုပ်ဖို့ပေး တောင်းဆိုပါကြောင်း ကြေညာထားခဲ့ပါတယ်။